Sunday 16 May 2010

Brother Sharp

သူ့ ရဲ့  စူးရှတဲ့အကြည့် ၊ ဘာမထီတဲ့ လမ်းလျှောက်ဟန် နဲ့ လိုက်ဖက်လှတဲ့ သူ့ ရဲ့  ဝတ်စား ထားပုံတွေကြောင့် သူ့ ကို Brother Sharp လို့  လူတွေကခေါ်ကြတယ် ။ သူ့ ရဲ့  နာမည်မှန် ကို မသိကြပေမဲ့ ဘယ်သူက စပြီး ပေးလိုက်မှန်း မသိတဲ့ ဒီနာမည်ကို သူ့  ပုံကို မြင်လိုက်ရတဲ့ သူတိုင်းက သဘောကျစွာ လိုက်ခေါ် ကြတယ် ။ စူးရှတဲ့အကြည့် ၊ ဘာမထီတဲ့ ဟန်တွေကြောင့် ဒီနာမည်ကို သူရခဲ့ပေမဲ့ ဒီနာမည်ကပဲ အဲဒီအရာတွေကို သူဆီက ပျောက်ကွယ်စေခဲ့တယ် ။

2010, January 30 ရက်နေ့  ရဲ့  မနက်ခင်းမှာ တရုတ်နိုင်ငံ Ningbo မြို့ က ဓာတ်ပုံဆရာ Mr. Tu ဟာ သူ့ ရဲ့  SONY camera အသစ်ကို စမ်းသပ်ရင်း Photography community forum တစ်ခုအတွက် လမ်းမ ရှုခင်းပုံတွေ ရိုက်ဖို့  လူစည်ကား တဲ့ Tian Yi Square ကိုထွက်ခဲ့တယ် ။ ဓာတ်ပုံအချို့  ရိုက်ပြီးတဲ့ အချိန်မှာ Mr. Tu ရဲ့  မြင်ကွင်းထဲကို ထူးခြားတဲ့ အရာတစ်ခု ဝင်လာတယ် ။

လူစည်ကား နေတဲ့လမ်းအတိုင်း လျှောက်လာနေတဲ့ လူတစ်ယောက်ရဲ့ အကြည့် ၊ လမ်းလျှောက်တဲ့ လှုပ်ရှားဟန် ၊ ဝတ်စားထားတဲ့ စတိုင် နဲ့  ဆေးလိပ်သောက် တဲ့ အမူအရာ တွေက အခြားလူတွေ ကြားထဲမှာ ထူးခြားပြီး ပေါ်လွင် နေတယ် ။ စမြင်လိုက် ထဲက ဒီလူဟာ အိမ်ယာမဲ့ လမ်းဘေးမှာ နေထိုင် ကျက်စား သူတစ်ယောက် ဆိုတာ သိပေမဲ့ camera ကောက်ကိုင်ပြီး ဓာတ်ပုံ အချို့  ရိုက် ယူခဲ့ ရတဲ့ အထိ Mr. Tu ကို ဆွဲဆောင် ခဲ့တယ် ။



အိမ်ပြန်ရောက်လာတဲ့ အခါ Mr. Tu ကသူရိုက်ယူခဲ့တဲ့ ပုံတွေကို website ပေါ်တင် လိုက်တယ် ။ ဒါပေမဲ့ ထူးထူးခြားခြား တစ်ခုခု ဖြစ်လာလိမ့် မယ်လို့  မျှော်လင့် မထားခဲ့ဘူး ။ February 21 ရက်နေ့ မှာ တရုတ်နိုင်ငံရဲ့  လူသုံး အများဆုံး Internet forum တစ်ခုဖြစ်တဲ့ Tianya Club forum အသုံးပြုသူ တစ်ယောက်က သူ့ ရဲ့ ဓာတ်ပုံကို တွေ့ ပြီး သူ့  ရဲ့  စူးရှတဲ့ အကြည့်နဲ့  ဘာမထီတဲ့ ဟန်အမူအရာ အကြောင်းကို အမွှန်းတင် ရေးသားထားတဲ့ Post တစ်ခုကို forum ပေါ်တင်ခဲ့တယ် ။

နောက် ၅ ရက်အကြာ February 26 ရက်နေ့ မှာ အဲဒီ Post ကိုဖတ်တဲ့သူပေါင်း သန်းနဲ့  ချီရှိခဲ့ပြီး သူ့ ရဲ့  ဟန်အမူအရာ ကြောင့် Brother Sharp လို့  နာမည်တွင် ခဲ့တဲ့ သူ့  အကြောင်းဟာ တရုတ်ပြည် Internet သုံးစွဲ သူတွေကြား ထဲမှာ လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်လာတယ် ။

သူ့ ရဲ့ အကြောင်း ဟာ Hong Kong, Taiwna နဲ့  Japan နိုင်ငံတွေကိုချက်ချင်းပျံ့  နှံ့  သွားပြီး နားမည်ကြီး ရုပ်ရှင် သရုပ်ဆောင်များ ၊ အဆိုတော်များ ၊ မော်ဒယ်များ နဲ့  သူ့  ကို နှိုင်းယှဉ်ပြောဆို ကြတဲ့အထိ ဖြစ်လာတယ် ။ သတင်းစာတွေ ၊ သတင်း တွေ ထဲမှာ သူ့ ရဲ့  အကြောင်းတွေ ပါလာပြီး ကမ္ဘာ့ နိုင်ငံ တော်တော် များများမှာ လူပြောများခဲ့တယ် ။


သူ့ ရဲ့  ဓာတ်ပုံ တွေနဲ့  လုပ်ထားတဲ့ Game တွေ ၊ Photoshop နဲ့  သူ့ ရုပ်ပုံထည့် ပြီး ပြုပြင်ထားတဲ့ Poster တွေ ၊ သူ့ အကြောင်းရေးထားတဲ့ website တွေ ၊ forum တွေ ၊ Blog တွေ ကမ္ဘာအနှံ့  ပေါ်ပေါက်ခဲ့ပြီး ၂ ပတ်အတွင်း March 5 ရက်နေ့ မှာ Brother Sharp လို့  google မှာရှာလိုက်ရင် သူ့ အကြောင်း ရေးထားတဲ့ Internet စာမျက်နှာ search result ပေါင်း ၁၅ သန်းကျော်ထိ ဖြစ်ခဲ့တယ် ။



ဒီလို အသွင်အပြင်နဲ့  လူတစ်ယောက်က တစ်ကယ့် အိုးမဲ့အိမ်မဲ့ တစ်ယောက် ဖြစ်နိုင် ပါ့မလား ? မော်ဒယ် တစ်ယောက်ယောက် ကများ သရုပ်ဆောင် ထားတာလားလို့  သံသယ ဖြစ်နေသူများလဲ ရှိတယ် ။ သူ့ ကိုရှာဖွေပြီး ဓါတ်ပုံ တွဲ ရိုက်ဖို့  အခြားနယ် တွေကနေ သူရှိရာမြို့ ကို တကူးတက လာကြတဲ့ သူတွေလဲရှိ တယ် ။ အချို့ သူတွေကလဲ လမ်းဘေးမှာ နေထိုင်သူ အများစုဟာ ရာဇဝတ်မှု တစ်ခုခု (သို့ မဟုတ်) အန္တရာယ် တစ်ခုခုကို ရှောင်ပုန်းနေသူတွေ ဖြစ်နေ တတ်တယ် ၊ သူသာ အဲဒီလို ရှောင်ပုန်းနေရသူ တစ်ယောက် ဆိုရင် သူ့ ရဲ့  ကျော်ကြားလာမှုဟာ သူအတွက် အန္တရာယ် အရမ်းများ နိုင်တယ်လို့  စိုးရိမ် နေကြတဲ့ သူတွေလဲရှိတယ် ။


နေ့ စဉ်နဲ့ အမျှ လူတွေပိုပို စိတ်ဝင်စား လာတဲ့အတွက် Forum တွေက သူ့  အကြောင်းကို ပိုပြီး ဖော်ပြနိုင်အောင် လိုက်စုံစမ်း ကြတဲ့အခါ ၊ စိတ်မကောင်း စရာ သူ့ ရဲ့  အခြေအနေမှန် တွေ ကို သိခဲ့ရတယ် ။ တကယ်တော့ သူဟာ သနားစရာ စိတ်ဝေဒနာရှင် တစ်ယောက်သာ ဖြစ်တယ် ။ သူဟာ မိန်းမအဝတ် အစားတွေ ကို တခါတရံ ဝတ်တတ်တယ် ။ အစား အစာ ကို လမ်းဘေး အမှိုက်ပုံ တွေကနေ ရှာ ဖွေ စားသောက် တတ်တယ် ။ ဆေးလိပ်ကို လက်က မချတမ်း သောက်တတ် တယ် ။ စကားပြောရင် တခြားလူတွေ နားမလည် နိုင်အောင် လေသံ လုံးနေ တတ်တယ် ။ သနားစရာ သူ့ အကြောင်း တွေကြောင့် သူ့ ကို လူတွေ ပို စိတ်ဝင်စား လာကြတယ် ။ သူ့ ရဲ့ အကြောင်းတွေ ၊ ဓာတ်ပုံတွေကို ရှာဖွေကြည့် ရှု သူတွေ နေ့ စဉ်နဲ့  အမျှ ပိုပိုများ လာတယ် ။


လူတွေပိုပို စိတ်ဝင်စားလာနေတဲ့ သူ့ ရဲ့  သတင်းတွေကြောင့် မြို့ တာဝန်ရှိ သူတွေ ဒီအတိုင်း ကြည့်နေလို့  မရတဲ့ အခြေအနေ ဖြစ်လာတယ် ။ တာဝန် ရှိသူတွေဟာ သူစကားပြောတဲ့ လေသံကို နားမလည်တာကြောင့် Cat လို့ ခေါ်တဲ့ သူ့ ရဲ့  သူငယ်ချင်း အကူအညီနဲ့ သူ့ ကို့  homeless shelter ပို့ ဖို့ စီစဉ်ပေမဲ့ သူလက်မခံ ခဲ့ဘူး ။ Cat ကလဲ သူ့ ရဲ့  စိတ်ဝေဒနာ အခြေအနေကြောင့် homeless shelter ကိုမပို့  သင့်ဘူးလို့  တာဝန်ရှိ သူတွေကို အကြံပေးတယ် ။ Cat ရဲ့  ပြောပြချက်အရ သူဟာ အိမ်ထောင်ပြုပြီး အိမ်နဲ့  ယာနဲ့  အတည်တကျ နေချင်တဲ့အတွက် သူ့ ကိုယ်သူ မိန်းကလေး အဖြစ်နဲ့ ရော ၊ ယောက်ျားလေး အဖြစ်နဲ့ ရော စိတ်ကူးယဉ်နိုင်အောင် မိန်းကလေး အဝတ်အစားတွေကို တစ်ခါတစ်လေ ဝတ်ဆင်တတ်တာ ဖြစ်တယ် ။ ဘာအကြာင်းကြောင့် မှန်းမသိပဲ သူ့  ဆီကိုလာပြီး ဓါတ်ပုံတွေ ရိုက်ရိုက်နေကြတဲ့ လူတွေကိုလဲ ကြောက်ရွံ့  နေတယ် လို့  သိရတယ် ။

တာဝန်ရှိသူတွေ သူ့ ကို ချုပ်နှောင်လိုက်မှာကို စိုးရိမ်နေကြတဲ့သူတွေ ၊ သူ့  ကို တာဝန်ရှိသူ တွေဆီက အကူအညီ ယူသင့်တယ်လို့  ပြောဆိုနေကြတဲ့ သူတွေ ၊ သူ့  ကိုနောက်ထပ် မနှောက်ယှက်သင့် တော့ဘူးလို့  ပြောဆိုနေကြတဲ့ သူတွေနဲ့  သူ့ ရဲ့  အကြောင်းဟာ Internet ပေါ်မှာ နေ့  စဉ် လူအများဆုံး စောင့်ကြည့်နေတဲ့ သတင်း တစ်ခုဖြစ်လာတယ် ။

Brother Sharp ကို စိတ်ဝေဒနာရှင်တွေ ရဲ့  ဆေးရုံကို ပို့ ပြီးချိန် March 5 ရက်နေ့  မနက်မှာ Brother Sharp နဲ့  အမျိုးတော်စပ် သူတွေ Ningbo မြို့  ကိုရောက် လာတယ် ဆိုတဲ့ သတင်း သတင်းထောက်တွေ ဆီကို ရောက်လာ တယ် ။ သူ့ ညီဟာ သူ့ ကိုဆေးရုံမှာ တွေ့ တာနဲ့  ပျောက်နေတာကြာပြီးဖြစ်တဲ့သူ့  အစ်ကို ဆိုတာ ချက်ချင်းမှတ်မိတယ် ။

Brother Sharp လို့ လူသိများတဲ့ သူ့ ရဲ့  နာမည်ရင်းက Chen Guorong ဖြစ်ပြီး ၊ October 10, 1975 မှာမွေးခဲ့သူပါ ။ 2000 ခုနှစ်မှာ Ningbo မြို့ ကို အလုပ်ရှာဖို့  သူငယ်ချင်းတွေနဲ့  ထွက်ခဲ့တာ ဖြစ်ပြီး ၊ 2003 ခုနှစ်က စလို့  မိသားစုနဲ့  အဆက်အသွယ် ပြတ်ခဲ့တယ် ။ သူ့ ရဲ့  အဖေနဲ့  ဇနီး ဟာ မနှစ်ကမှ ယဉ်တိုက်မှု တစ်ခုကြောင့် ဆုံးသွားတာဖြစ်ပြီး ၊ 2008 ခုနှစ်မှာ မိသားစုက သူ့ ကို အကြိမ်ကြိမ် လာရှာ ပေမဲ့ မတွေ့ ခဲ့ပဲ ၊ သူ့  အကြောင်း ခုလို လူပြောများ လာမှ သူရှိတဲ့ နေရာကို ရှာနိုင်တာ ဖြစ်တယ် ။

ခုတော့ Brother Sharp ဟာ သူ့ ရဲ့  မိသားစု နဲ့ အတူ သူ့ ရဲ့  မူလမြို့ မှာ ပျော်ရွှင် စွာ ပြန်လည် နေထိုင် နေပါပြီး ၊ ဒါပေမဲ့ သူ့ မှာ စူးရှတဲ့အကြည့် နဲ့  ဘာမထီတဲ့ အမူအရာတွေ မရှိတော့ဘူး ။ အဲဒါတွေ နေရာမှာ ကြည်လင်ပြီး အပြစ်ကင်းတဲ့ အပြုံးတွေ အစားထိုး နေရာယူ ခဲ့ပြီး ။ လူတွေကိုလဲ ကြောက် မနေတတ် တော့ဘူး ။ Camera ရှေ့ မှာ ရှက်တတ် နေပြီး ။


ဒါက Internet နဲ့  Media ကြောင့် ဇာတ်သိမ်းလှခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါ ။ Internet ပေါ် ရောက်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံ ၊ စာတစ်ကြောင်း ၊ စကားတစ်ခွန်း တို့  ကြောင့် ပျော်ရွှင်စွာ ဇာတ်သိမ်းခဲ့တဲ့ ဇာတ်လမ်းတွေ ရှိသလို ဝမ်းနည်းစရာတွေ နဲ့  ဇာတ်သိမ်းခဲ့ရတဲ့ ဇာတ်လမ်း တွေလဲ အများကြီး ရှိခဲ့တယ် ။

Media ရဲ့  စွမ်းအားဟာ ခေတ်မှီ လက်နက်တွေ ထက် ပိုထိရောက် ပါတယ် ။ နိုင်ငံတိုင်း ၊ နေရာတိုင်း မှာ Media လွတ်လပ်ခွင့်သာ အပြည့်အဝ ရှိမယ်ဆိုရင် အမြင်မတူတာတွေ ၊ အယူအဆ မတူတာတွေ အတွက် သေနတ်ကိုင်ပြီး ဆွေးနွေးနေ စရာ မလိုတော့ဘူး ။ သေနတ်ကိုင်နေတဲ့ လက်တွေဟာ ကွန်ပျူတာတွေ ၊ camera တွေ ပြောင်းကိုင် ကြလိမ့်မယ် ။ လက်နက်ကိုင် တိုက်ပွဲတော်တော် များများဟာ Media တိုက်ပွဲ တွေအဖြစ် အသွင်ပြောင်း သွားကြလိမ့်မယ်လို့  ကျွန်တော် ယုံကြည်တယ် ။ ။

There is nothing that war has ever achieved that we could not better achieve without it.
Havelock Ellis



Ref Link : http://knowyourmeme.com/memes/brother-sharp-x%C4%AB-l%C3%AC-g%C4%93-%E7%8A%80%E5%88%A9%E5%93%A5

1 comment: