Tuesday 23 November 2010

ကျွန်တော်မုန်းသော လူအချို့ 

အဲဒီနေ့ က ကျွန်တော်ရယ် ၊ ကျွန်တော့်အဖေရယ် ၊ ကျွန်တော့် ညီမလေး ၂ ယောက်ရယ် မော်လမြိုင် ကနေ ရန်ကုန်ကို သွားဖို့  အိမ်ကနေ မနက်စောစော ထွက်ခဲ့ကြတယ် ။ အဲဒီအချိန် တုန်းက မော်လမြိုင် နဲ့  ရန်ကုန် က တိုက်ရိုက် ကားလမ်း မပေါက်သေးဘူး ။ မော်လမြိုင်ကနေ မုတ္တမကို ဇက်သဘောင်္နဲ့  ကူး ၊ မုတ္တမ ကနေမှ ကားနဲ့ ဖြစ်ဖြစ် ရထားနဲ့  ဖြစ်ဖြစ် ရန်ကုန်ကို သွားရတယ် ။

ကျွန်တော်တို့  သဘောင်္ဆိပ်ကိုရောက်တော့ မိုးစလင်းနေပြီး ။ ဇက်ပေါ်မှာတော့ ကုန်တွေ ၊ ခရီးသွားတွေ နဲ့  ပြည့်နေတယ် ။ ကျွန်တော်တို့ လဲ အဆင်ပြေတဲ့ နေရာမှာ အဆင်ပြေသလို ကြည့်ထိုင်ပြီး ဟိုငေး ဒီငေးနဲ့  လိုက်ခဲ့ ကြတယ် ။ မုတ္တမ ဆိပ်ကို သဘောင်္ ကပ်တော့ မိုးတော်တော်လင်းနေပြီး ။

သဘောင်္ကပ်ပြီးတော့ ကျွန်တော်ပထမဆုံး သတိထားမိ တာက လူတွေ ရုတ်ရုတ် သဲသဲနဲ့  သဘောင်္ပေါ်က ဆင်းရမှာ ကြောက် နေကြတယ် ။ ဒီနေ့  တော်တော် ထူးဆန်းတယ် ။ ဒီခရီးကို ကျွန်တော် အကြိမ်တွေ အများကြီး လာဖူးပါတယ် ။ ခရီးသည်တွေများ ခါတိုင်းဆို အနံ့ အသက်ပေါင်းစုံနဲ့  လူတွေ ကြပ်သိပ်နေတဲ့ ဒီသဘောင်္ပေါ်က ဆင်းချင်ကြလွန်းလို့  တစ်ချို့ ဆို သဘောင်္ မကပ်ခင်တောင် ဘောတံတား ပေါ်ကို ခုန်ကူးကြတယ် ။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ ကျွန်တော့် အဖေက ဆိပ်ခံ တံတားပေါ်ကို လှမ်းကြည့်တယ် ပြီးတော့ ချက်ချင်းပဲ သား အဖေ့ နားမှာ ကပ်နေ လူချင်းမကွဲ စေနဲ့  အဖေတို့  အခုဆင်းမယ် လို့  လှမ်းပြောတယ် ။

ခါတိုင်းဆို ကျွန်တော်တို့  ကလေးတွေပါရင် လူနည်းနည်းရှင်းမှ သဘောင်္ပေါ်က ဆင်းတတ်တဲ့ ကျွန်တော့် အဖေက ဒီနေ့ တော့ ဆိပ်ခံတံတား ပေါ်တက်တဲ့ ထွက်ပေါက်နားမှာ တွန့် ဆုတ် တွန့် ဆုတ် နဲ့  ဆင်းရမလို မဆင်းရ မလို ဖြစ်နေတဲ့ လူအုပ်ကြီးထဲကို အတင်းတိုး နေတယ် ။ ဆိပ်ခံဘောပေါ် ရောက်တာနဲ့  ခါတိုင်းနဲ့  မတူ ထူးခြားနေတာက ဆိပ်ခံဘောနဲ့  တံတားပေါ်မှာ စစ်သားတွေ ၅ ပေ လောက်စီ ခြားပြီး တန်းစီ ရပ်နေကြတယ် ။

ခါတိုင်းဆို လူတွေ တံတားပေါ်မှာ တစ်ယောက်နဲ့  တစ်ယောက် သူ့ ထက်ငါဦးအောင် ဆူဆူညံညံ အပြေး အလွှား အလုအယက် တက်ဆင်း နေကြတာပါ ။ ခုတော့ တံတားဘေး ၂ ဖက်မှာ တန်းစီပြီး ရပ်နေတဲ့ စစ်သားတန်း ကြားထဲကနေ လူတွေက ဖြေးဖြေးချင်း တက်နေတော့ ၂ ယောက် တစ်တွဲ ၊ ၃ ယောက် တစ်တွဲ တန်းစီပြီး သွားနေကြသလို ဖြစ်နေတယ် ။ အားလုံးရဲ့  ခေါင်းတွေက ငိုက်လို့  စကားသံတွေ ကလဲ တိတ်ဆိတ်လို့  ။

ကျွန်တော့် အဖေ ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ ပုခုံးတစ်ဖက်မှာ အဝတ်အစား အိတ်ကိုလွယ် ပြီး လက်တစ်ဖက်က ကျွန်တော့်  ညီမ အငယ်ကို ချီထားတယ် ။ အခြား လက်တစ်ဖက် ကတော့ လမ်းမှာစားဖို့  ထည့်လာတဲ့ ထမင်းချိုင့်တွေ ထည့်ထားတဲ့ ခြင်းကို ကိုင်ပြီး ကျွန်တော် ညီမ အကြီးကို လက်တွဲထားတယ် ။ အဝတ်အစား အိတ်တစ်လုံးနဲ့  ကျွန်တော်ကတော့ ကျွန်တော့်အဖေ နောက်နားမှာ ကန့် လန့်  ကန့် လန့်  ပေါ့ ။ ကျွန်တော့် အဖေလဲ အခြားသူတွေလိုပဲ ဘေးပတ်ဝန်းကျင်ကို မကြည့်ပဲ ခေါင်းငုတ်ပြီး တံတားကို တက်နေတယ် ။ ကျွန်တော့်ကိုတော့ ခဏခဏ လှည့်ကြည့်တယ် ။

ကျွန်တော်တို့  တံတားအလယ်လောက် ရောက်တော့ အောက်ဖက် ဆိပ်ခံဘော တံတားကနေ ဆူဆူညံညံ အသံတွေ ကြားရတယ် ။ သဘောင်္ရဲ့  အခြား တစ်ဖက်ကနေ ရေထဲ ခုန်ဆင်းပြီး ဆိပ်ခံဘော တံတားနဲ့  ဝေးတဲ့ဖက်ကို ရေကူးပြေး နေတဲ့ လူတစ်ယောက်ကို ပဲ့ချိတ်လှေ နဲ့  အသင့်စောင့် နေတဲ့ စစ်သားတွေက ပြန်လာခဲ့ဖို့  အော်ဟစ် ဆဲဆိုပြီး လိုက်ဖမ်းတာပါ ။ အဲဒီလူလဲ ကြာကြာ မကူးလိုက် ရပါဘူး ။ ပဲ့ချိတ်ပေါ်က စစ်သားတွေက မှီလဲသွားရော ပဲ့ချိတ်ပေါ်ကို အတင်းဆွဲ တင်နေတာ တွေ့ လိုက်တယ် ။ အဲဒီ အဖြစ်အပျက်ကို ရပ်ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက ခပ်ဆတ်ဆတ်လေး ပုတ်ပြီး အနားမှာ နေပါဆိုတာ နားမထောင်ဘူး လာရှေ့ ကလျှောက် ဆိုပြီး မာန်ပါလေရော ။ အဲဒါနဲ့ ပဲ တံတားပေါ်ကို အရှေ့  ကနေ ဆက်တက်ခဲ့တယ် ။

တံတားထိပ်ရောက်တော့ လူတွေတန်းစီ သလို ဖြစ်နေရတဲ့ အကြောင်းကို ကျွန်တော် တွေ့ ရတယ် ။ စစ်သား ၃ ယောက်လောက်က တံတားထိပ်မှာ ပိတ်ရပ်နေပြီး တက်လာတဲ့ လူတွေအားလုံးကို အုပ်စု ၂ စုခွဲနေတယ် ။ တစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေက ကိုယ့်ကိစ္စ ရှိရာကို ကိုယ်သွားနိုင်တယ် ။ ဒါပေမဲ့ အခြားတစ်ခြမ်းကို ဖယ်ထုတ်လိုက်တဲ့ သူတွေကတော့ စစ်သားတွေ ဝိုင်းပြီးစောင့်နေတဲ့ မီးရထားရုံး ရှေ့ က ကွင်းပြင်လေးမှာ သွားထိုင်ရတယ် ။

အုပ်စုခွဲနေတဲ့ စစ်သားက ကျွန်တော်တို့ ကို ကိုယ့်ကိစ္စရှိရာ သွားနိုင်တဲ့ လူစုဖက် ကိုပို့ ခဲ့တယ် ။ ရထားလက်မှတ် ကိစ္စတွေ ကျွန်တော့် အဖေ စီစဉ်နေတုန်းမှာ ကျွန်တော်ကတော့ ရထားရုံး ရှေ့ မှာ မျက်နှာ မသာမရာနဲ့  စုထိုင်နေရတဲ့ သူတွေကို စိတ်ဝင်စား နေမိတယ် ။ ဒီလူတွေကို ဘာလို့  ဆောင့်ကြောင့်လေး ဖမ်းထားသလို ထိုင်ခိုင်းထား ရတာလဲ ။ အဲဒီအချိန်တုန်းက စစ်တပ်နဲ့  အခြား လက်နက်ကိုင် တပ်တွေ ကလဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒီလူတွေက အခြားအဖွဲ့ က လူတွေမို့ လို့  ဖမ်းထားတာလား ကျွန်တော် သိချင်နေတယ် ။ အဲဒီ စုထိုင်နေရတဲ့ လူတွေနားကို ကျွန်တော် လျှောက်သွားပြီး ရပ်ကြည့် နေခဲ့တယ် ။

ကျွန်တော်ကြာကြာ မကြည့်လိုက်ရပါဘူး ။ ကျွန်တော့်အဖေ နောက်ကနေ တီးထည့်လိုက်လို့  ခေါင်းပူ သွားပြီး ဆွဲခေါ်တာကို ခံလိုက်ရတယ် ။ ကျွန်တော့်ကို ဘာမှ မပြောပဲ တိတ်တိတ်လေး ဆွဲခေါ်ခဲ့ပြီး ခပ်လှမ်းလှမ်း ရောက်တော့မှ ဘယ်လို ကလေးမှန်း မသိဘူး ၊ လူကြီးပြောတာ ဘယ်တော့မှ နားမထောင် ဘူးဆိုပြီး ဆူပါလေရော ။ ၁၅ မိနစ် လောက်အတွင်းမှာ ၂ ကြိမ် အဆူရော ၊ အဆော်ရော ခံလိုက်ရတော့ ကျွန်တော် နည်းနည်း ဘုသွားတယ် ။

ကျွန်တော်တို့  ရထားပေါ်မှာ ပစ္စည်းတွေ နေရာချပြီး ထိုင်နေလို့ မှ သိပ်မကြာ သေးဘူး စစ်သား ၂ ယောက် တွဲပေါ် တက်လာတယ် ။ ရထားပေါ်မှာ တစ်ခုခုကို ရှာနေတဲ့ ပုံစံနဲ့  လိုက်ကြည့်တယ် ။ ကျွန်တော်တို့ ကို ကျော်လျှောက် သွားပြီး အိမ်သာတွေကို သွားစစ်တယ် ။ အဲဒီစစ်သား ၂ ယောက်ကို လိုက် ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက မျက်မှောင် ကြုံ့ုပြီး ငြိမ်ငြိမ် ထိုင်နေဖို့  လှမ်းပြောတယ် ။ ဒီတစ်ခါ ကတော့ ဘလိုင်းကြီး ကျွန်တော် ငြိမ်ငြိမ် ထိုင်နေရက်နဲ့  အဆူခံ ရတယ် ။ စစ်သား တစ်ယောက်က ကျွန်တော်တို့  နားကို ပြန်လျှောက် လာပြီး ကျွန်တော့် အဖေကို ကြည့်လိုက် ၊ ကျွန်တော်တို့  ကလေးတွေကို ကြည့်လိုက် လုပ်နေတယ် ။ ကျွန်တော့် အဖေက အဲဒီ စစ်သားနဲ့  မျက်လုံးချင်း ဆုံမှာကို ရှောင် ချင်ပုံ ရတယ် ပြတင်းပေါက် ကနေ အပြင်ဖက်ကို ကြည့်နေတယ် ။ ကျွန်တော် တို့ ကို ခဏရပ် ကြည့်ပြီး အဲဒီ စစ်သား ၂ ယောက် ပြန်ဆင်း သွားတယ် ။

အချိန်အတိုလေး အတွင်းမှာ ၃ ခါတောင် ဆူခံ ထိထားတော့ ကျွန်တော့် အဖေကို ကျွန်တော် ကောက်နေ လိုက်တယ် ။ ကျွန်တော့် အဖေကတော့ နာရီ တကြည့်ကြည့် လုပ်နေတယ် ။ ရထားကလဲ ထုံးစံ အတိုင်း အချိန် နောက်ကျ ပြီးမှ ထွက်တယ် ။ ရထားထွက်ပြီး ၁၅ မိနစ်လောက် ကြာပြီးတော့မှ သိသိသာသာ ကောက်နေတဲ့ ကျွန်တော့်ကို သားဗိုက်ဆာလား ဘာစားမလဲ ဆိုပြီး ကျွန်တော့် အဖေပြန်ချော့တယ် ။ အဲဒီနေ့ က အမြဲတမ်း လူပြည့်နေတတ်တဲ့ မုတ္တမ - မော်လမြိုင် ရထားက ထူးထူးခြားခြား တွဲတိုင်းမှာ ခုန်တွေ အများကြီး လွတ်နေခဲ့တယ် ။

ရန်ကုန်ဘူတာကြီးကို ရောက်တော့ ရန်ကုန်ကို ကြိုရောက်နေတဲ့ ကျွန်တော့် အမေက လာကြိုရင်း ဒီနေ့  ရထားက လူချောင်တယ်နော် လို့  ပြောတော့ မုတ္တမှာ ပေါ်တာဖမ်းနေလို့  ငါတောင် ကလေးတွေနဲ့  မို့ လို့ ထင်တယ် ကံကောင်းလို့  လွတ်ခဲ့တာ လို့  ကျွန်တော့်အဖေ ပြန်ပြောတော့မှ ကျွန်တော် မျက်လုံးပြူးရတယ် ။

ညဖက် မသကာင်္ဖွယ်ရာ မှောင်ရိပ်ခိုနေတဲ့ သူတွေ ၊ အကျဉ်းသား တွေကို စစ်တပ်က ပေါ်တာ အဖြစ် ခေါ်တတ်တယ် လို့ တော့ ကျွန်တော် ကြားဖူးတယ် ။ အခုလက်တွေ့  ကြုံရမှ ပေါ်တာ ဖမ်းတယ်ဆိုတာ ဒီလိုလဲရှိလား ဆိုပြီး အံ့သြမိတယ် ။ ရထားရုံးရှေ့ မှာ ထိုင်နေရတဲ့ လူတွေအားလုံးက ယောက်ျားလေး တွေချည်းပဲ ဆိုတာလဲ ခုမှ သတိထားမိတယ် ။ တံတားထိပ်မှာ ရပ်နေတဲ့ စစ်သားတွေက ယောက်ျားလေး တွေနဲ့  ကျန်တဲ့ သူတွေကို အုပ်စုခွဲ ထုတ်လိုက်တာပဲ ။ ရေကူးပြေးတဲ့ သူကို လိုက်ဖမ်းကြတဲ့ အဖြစ်အပျက် နဲ့  တံတားပေါ်က တစ်ခုခုကို ကြောက်နေတဲ့ ပုံစံနဲ့  ဖြေးဖြေးချင်း တန်းစီပြီး တက်နေတဲ့ လူအုပ်ကြီးကိုလဲ ပြန်မြင်မိတယ် ။ ကျွန်တော့်အဖေ ကျွန်တော့်ကို သူ့  အနားမှာ မနေလို့  ဆိုပြီး ခဏခဏ ဆူတာကို လဲ ခုမှ နားလည် မိတယ် ။

ကိုယ်တိုင်မကြုံဖူးရင် စစ်တပ်က ဒီလိုမျိုးတွေ လုပ်ပါ့မလားလို့  သံသရ ရှိနေမဲ့ သူတွေလဲရှိမယ် ။ သတင်းစာ ရှင်းလင်းပွဲ တိုင်းကို အရင်က ဒိုင်ခံပြီး ဖြေတတ်တဲ့ ပြည်တွင်းက အရာရှိ တစ်ယောက်က ဒီလို အတင်းအကျပ် ခိုင်းစေမှုတွေ အရင် ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေစဉ် ကာလ တုန်းကရှိ ခဲ့ပေမဲ့ ခုတော့ တိုင်းပြည်က အေးချမ်းနေပြီး ဖြစ်တဲ့ အတွက် အဲဒါမျိုးတွေ မရှိတော့ ဘူးလို့  သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ရှင်းပြပြီး ဝန်ခံခဲ့ဖူးတယ် ။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့ သူတွေကို ဘယ်လို အပြစ်ပေးမယ် ဆိုတာမျိုး ၊ နောက်ထပ် ဒါမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လို စီစဉ်ထားတယ် ဆိုတာမျိုး သူမပြောခဲ့ဘူး ။ အခုထိ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဆိုတာနဲ့  ပေါ်တာတွေ ဖမ်းနေတယ် ဆိုတဲ့ သတင်းက အမြဲတမ်း ကပ်ပါလာ တတ်တယ် ။

ကျွန်တော် အလယ်တန်း ကျောင်းသား အရွယ်တုန်းက ကျွန်တော့် အစ်ကို အကြီးဆုံးက မြ၀တီ မဲဆောက် ဖက်က တဆင့် ထိုင်းနိုင်ငံ သွားပြီး ကုန်တွေ သွားသွား ၀ယ်ပါတယ် ။ အဲဒီ အချိန် တုန်းက ကရင် အဖွဲ့ တွေနဲ့  အစိုးရ တပ်တွေ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတဲ့ အချိန်ပါ ။ လမ်းခရီးမှာ ပေါ်တာ ခဏခဏ ဖမ်းပါတယ် ။ ကျွန်တော့် အစ်ကို ကို ဂရုစိုက်ဖို့  ပြောတော့ ပေါ်တာ ဖမ်းတာတော့ ရှောင်လို့  မရ ဘူးတဲ့ ၊ ကံပဲတဲ့ ။ ခေါ်ချင်ရင် တည်းနေတဲ့ နေရာ တံခါး လာခေါက်ပြီး ခေါ်တာတဲ့ ။ ဒါပေမဲ့ စိတ်မပူ ပါနဲ့  လူအစား ငှားလို့  ရတယ်တဲ့ ။ ကိုယ် အဖမ်းခံ ရရင် ကိုယ့်အစား လူတယောက် ငှားပြီး အစားထိုး ထည့်ပေး လိုက်လို့  ရတယ်တဲ့ ။ အဲဒီလို အငှားလိုက်တဲ့ သူတွေ ရှိတယ်တဲ့ ။ သူ့ အရပ် နဲ့  သူ့ ဇာတ်ကတော့ ဟုတ်နေတာပဲ ။

နိုင်ငံခြား သတင်း ဌာနတွေ နဲ့  ခဏခဏ အင်တာဗျူး လုပ်တတ်တဲ့ ပြည်ပရောက် အရာရှိ ဟောင်း တစ်ယောက်ကလဲ စစ်တပ်မှာ ပေါ်တာ ခေါ်ရင် ပေါ်တာ သမား တစ်ယောက် အတွက် တစ်ရက်ကို လုပ်အားခ ဘယ်လောက်ပေးရမယ် ၊ ဆန်ဘယ်လောက် ၊ ဆီဘယ်လောက် ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ် ။ အဲဒီအတိုင်းသာ အမှန်အတိုင်း ပေးပြီး ခေါ်ရင် ကိုယ့်သဘော နဲ့ ကိုယ် လိုက်ကြမဲ့ သူတွေ အများကြီး ရှိပါတယ် ၊ အတင်းအကျပ် ခေါ်နေစရာ လိုမှာ မဟုတ်ပါဘူးလို့  အင်တာဗျူး တစ်ခုမှာ ပြောဖူးတယ် ။ အခြေအနေတွေ သိနေရက်နဲ့  ပြည်တွင်းမှာ တုန်းကတော့ မျက်စိပိတ် နားပိတ် နေခဲ့ပြီး ပြည်ပရောက်မှ အော်နေတာတော့ ဘာလို့ လဲ ဆိုတာ သူပဲ အသိဆုံး ဖြစ်မယ် ။

ကျွန်တော် စစ်တပ်ကို မမုန်းပါဘူး ။ စစ်တပ်ဆိုတာ နိုင်ငံ တစ်နိုင်ငံမှာ မရှိမဖြစ် အဖွဲ့ အစည်း တစ်ခုပါ ။ ကျွန်တော်တို့  နိုင်ငံရဲ့  သမိုင်းမှာလဲ စစ်တပ်က အရေးကြီးတဲ့ နေရာက အများကြီး ပါခဲ့ပါတယ် ။ ဒါပေမဲ့ ဥပဒေ ကို လက်တလုံးခြား လုပ်နေတဲ့ သူတွေ နဲ့  ကိုယ်မြင်ချင်တာကိုပဲ ရွေးပြီး မြင် တတ်ကြတဲ့ စစ်တပ်ထဲက လူတွေ ကိုတော့ ကျွန်တော် မုန်းတယ် ။

BBC သတင်းထောက်နဲ့  interview မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားပါ …
“ I don't want to see the military falling. I want to see the military rising to dignified heights of professionalism and true patriotism ”