Saturday 22 May 2010

ငါ့အကြောင်း

ငါချန်ထားခံခဲ့ရတာ မဟုတ်ပါဘူး
ငါ့အပြစ်နဲ့ ငါ ကျန်နေခဲ့တာပါ…

ဘာမလုပ်ရဘူးဆိုတာ ငါသိခဲ့ပါတယ်
ဘာလုပ်ရမယ်ဆိုတာကိုသာ မှန်အောင်ငါမရွေးနိုင်ခဲ့တာပါ…

အမှားတွေလုပ်လိုက် ပြန်စလိုက်နဲ့ ပဲ
ငါ့ဘဝရဲ့  စာမျက်နှာတွေ ကုန်တော့မယ် …

တံခါးပေါက်တွေ အများကြီးရှိပါတယ်
မျက်နှာဖုံးမရှိတဲ့ ငါသာဝင်ခွင့်မရသေးတာပါ…

နေတတ်ခဲ့လို့  ငါကျေနပ်နေတာမဟုတ်ပေမဲ့
ကျေနပ်တတ်ခဲ့လို့  ငါနေတတ်နေပါပြီး ။ ။

1 comment: