Saturday 3 October 2009

ပုံပြင် မဟုတ်သော ပုံပြင်

သူ့ ကို လူလတ်တန်းစား မိသားစုက မွေးဖွားခဲ့တယ် ။ သူ့ မှာ သူ့ ကိုချစ်တဲ့
မိဘနဲ့  ညီအစ်ကို မောင် နှစ်မတွေရှိတယ် ။ သူတို့ မိသားစုဟာ အရမ်း
ချမ်းသာတဲ့ သူတွေ မဟုတ်ပေမဲ့ လူတန်းစေ့ နေနိုင်ကြတယ် ။ သူ့ မိဘတွေဟာ
သူတို့  ညီအစ်ကို မောင်နှစ်မတွေကို ဘာအတွက်ကြောင့်နဲ့ မှ မျက်နှာမငယ်
ရအောင် အမြဲတမ်းထားတယ် ။ ကိုယ်လုပ်ချင်တာဆို ဘာကိုမှ ဂရုမစိုက်ဘဲ
လုပ်တတ်တဲ့ အကျင့်ကြောင့် သူဟာ ပြဿနာတွေနဲ့  ကြာကြာ ဝေးမနေ
တတ်ဘူး ။ အကြောင်း အမျိုးမျိုး ကြောင့် တစ်နေ့ မှာ သူချစ်တဲ့လူတွေနဲ့ ၊ သူ့ ကို
ချစ်တဲ့လူတွေ အားလုံးကိုခွဲပြီး ဝေးရာကို သူထွက်ခဲ့တယ် ။

ဒီလိုထွက်ခဲ့တာဟာ သူ့  အတွက် ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ၊
ဒီတစ်ခေါက်မှာ သူ့ ဘဝအတွက် မေ့လို့ မရတဲ့ ပထမဆုံး အတွေ့ အကြုံ
တွေသူရခဲ့တယ် ။ အိပ်ခွင့်မရတဲ့ ညတွေ ၊ ဝမ်းဖြည့်စရာ ဘာမှမရှိတဲ့ နေ့ ရက်
တွေ နဲ့  အသက်အန္တရာယ် တွေကြားမှာ အေးချမ်းလှတဲ့ အရိပ်ကို သူ အရမ်း
တောင့်တခဲ့တယ် ။ လက်ရှိရောက်နေတဲ့ နေရာကို “ အမည်းရောင်မြေ ” လို့  သူ
နာမည် ပေးထားတယ် ။ ဒီနေရာ ကနေ လွတ်မြောက်နိုင်မဲ့ လမ်းစ ကိုလဲ သူ
မတွေ့ ဘူး ။ အချိန်တွေ ကြာလာတာနဲ့ အတူ အရင်က သူ ငြိမ်းချမ်းစွာ နေထိုင်
ခဲ့ဖူးတဲ့ ၊ သူ့ ကိုအမြဲတမ်း ဝမ်းသာအားရ ကြိုဆိုနေ တတ်တဲ့ အဝေး တစ်နေရာ
မှာရှိနေတဲ့ အေးချမ်းလှတဲ့ အရိပ်တစ်ခုဟာ သူ့ အတွက် အိပ်ခွင့်ရတဲ့ ညတွေမှာ
မက်တဲ့ အိမ်မက်လှလှ တစ်ခုဖြစ်လာတယ် ။ သူ့ ဘဝ ဟာ ဒီနေရာမှာဘဲ
အဆုံးသတ် တော့မဲ့ အတူတူ မြန်လေ ကောင်းလေ ဆိုပြီး မကြံ စည်
သင့်တာတွေ ကိုလဲ တစ်ကြိမ်ထက် မနည်း သူ လုပ်ခဲ့တယ် ။ အကြိမ်ကြိမ်
မအောင်မြင်ခဲ့တဲ့ အကြံအစည်တွေဟာ နောက်ဆုံးမှာ သူ့ ဘဝ ဒီမှာဘဲ
အဆုံးသတ် တော့မယ်ဆိုတဲ့ သူ့ အမြင် ကိုပြောင်းလဲစေ ခဲ့တယ် ။
မျှော်လင့်ချက်တွေ ပြန်လည်မွေးဖွားလာတယ် ။ သူ့ ရဲ့ တစ်ခုတည်းသော
ရည်ရွယ်ချက်ဟာ သူ့ ကို အမြဲတမ်း ကြိုဆိုနေတဲ့ အရိပ်တစ်ခု ရှိတဲ့ နေရာကို
ပြန်ရောက်ဖို့ ဖြစ်လာတယ် ။ လက်ရှိအခြေအနေကနေ လွတ်မြောက်နိုင်မဲ့
အခွင့်အလမ်း တွေကို အမြဲတမ်း စောင့်ကြည့်နေတတ်သလို ၊ အခွင့်အလမ်းတွေ
ပေါ်လာအောင်လဲ အမျိုးမျိုး ကြိုးစားခဲ့တယ် ။ သူ့ ရဲ့ ကြိုးစားမှုတွေ အရာထင်
ခဲ့တယ် ။ တစ်နေ့ မှာ သူမျှော်လင့်နေတဲ့ အခွင့်အလမ်းတစ်ခုကို သူ ရခဲ့တယ် ။

အဝတ်အစားနွမ်းနွမ်း ၂စုံ ၊ ငွေအကြွေတစ်ချို့ နဲ့  အကြမ်းခံ ဖိနပ်တစ်စုံ
စုထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်တစ်လုံးကို ပိုက်ပြီး ဒီနေရာနဲ့  ဝေးနိုင်သမျှ
ဝေးအောင် မနားတမ်း သူပြေးခဲ့တယ် ။ လမ်းမှာ ဘယ်နှစ်ကြိမ်လဲပြီး
ဘယ်နှစ်ကြိမ် ပြန်ထခဲ့ရလဲ သူမမှတ်မိတော့ဘူး ။ ည ဘယ်နှစ်ည ကို ဖြတ်ခဲ့
ရလဲဆိုတာလဲ ဇဝေဇဝါ ဘဲ ။ သွေးသံ ရဲရဲနဲ့  ဒဏ်ရာတွေက ဘယ်နေရာမှာ
ဘယ်လိုရခဲ့တာလဲ ဆိုတာကို သူပြန် စဉ်းစားလို့ မရတော့ဘူး ။ ဒါတွေက သူ့ 
အတွက် အရေးမကြီးတော့ဘူး ။ ခုဆို အမည်းရောင်မြေ ကနေ သူလွတ်မြောက်
ခဲ့ပြီး ။ အဝေးပြေးကုန်တင်ယာဉ် မောင်းတဲ့ လူတစ်ယောက်ရဲ့ ကြင်နာ တတ်တဲ့
စိတ် ၊ ကူညီတတ်တဲ့ စိတ်ကြောင့် သူသွားချင်တဲ့ မြို့ ကိုလဲ လမ်းကြုံလိုက်ခွင့်ရ
ခဲ့ပြီး ။ ကုန်တင်ယာဉ် ရဲ့ နောက်ဖက် ကုန်တွေကြားမှာ သူပိုင်ဆိုင်သမျှ အားလုံး
ထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်လေးကို ပိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်
ခဲ့တယ် ။

တရေးလန့် နိုးတော့ သူ ပထမဆုံး သတိထား မိတာက ကုန်တင်ယာဉ်ဟာ
တစ်နေရာထဲမှာ ရပ်နေတယ် ။ မလှမ်းမကမ်း က မသဲမကွဲ စကားသံတွေကိုလဲ
ကြားနေရတယ် ။ စကားသံတွေ ကြားရတဲ့ဘက်ကို ခေါင်းထောင်ပြီး လှမ်းကြည့်
လိုက်တော့ အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ ဖွင့်ထား တဲ့
ထမင်းဆိုင်လေး တစ်ဆိုင်ကိုတွေ့ တယ် ။ ကားသမားတွေ ထမင်းစား ခဏ
နားနေတာ ဆိုတာ သူသိလိုက်တယ် ။ ထမင်းဆိုတဲ့ အတွေး ခေါင်းထဲဝင်
လာတာနဲ့  ချက်ချင်းသူ ဗိုက်ဆာလာတယ် ။ ထမင်း မစား ခဲ့ရတာ
ဘယ်နှစ်ရက်ရှိပြီးလဲ သူ မမှတ်မိ တော့ဘူး ။ ရက်တွေကို သူ မရေတွက်ခဲ့
တာကြာပြီး ။ ကုန်ကားပေါ်ကနေ ဆင်းပြီး ဂုန်နီအိတ်စုတ်ကို လက်တစ်ဖက်
ကပိုက် ၊ ပါလာတဲ့ ငွေအကြွေအချို့ ကို ကျန်တဲ့လက် တစ်ဖက်ထဲမှာ ကျစ်ကျစ်
ပါအောင်ကိုင်ပြီး ထမင်းဆိုင် ဆီကို သူလျှောက်ခဲ့ တယ် ။

ဟောင်းနွမ်းလွန်းနေတဲ့ အဝတ်အစား တွေ ၊ သပ်သပ်ရပ်ရပ် ဖြတ်ညှပ် ထားတာ
မဟုတ်ဘဲ ကြိုးတိုးကြောင်တောင် ရှည်ချင်သလို ရှည်နေတဲ့ သူ့ ရဲ့ ဆံပင်တွေနဲ့ 
ဖြေးဖြေးချင်း လျှောက်လာတဲ့ သူ့ ရဲ့  ပုံစံကြောင့် လူတွေအားလုံး ရဲ့ အကြည့်
ဟာ သူ့ ဆီ ရောက်လာတယ် ။ သူဒါတွေကို ဂရုမစိုက်အားဘူး ။ ထမင်းဆိုင်
ပိုင်ရှင်လို့ ထင်ရတဲ့ အဒေါ်ကြီးဆီကို တန်းပြီးလျှောက်ခဲ့တယ် ။ ထမင်းဆိုင်ထဲက
ထမင်းနံ့ ၊ ဟင်းနံ့ တွေကြောင့် ဗိုက်က ပိုဆာ လာတယ် ။ ထမင်းတစ်ပွဲ
ဘယ်လောက်လဲဆို တဲ့ သူ့ ရဲ့ အမေးကို ထမင်းဆိုင်ပိုင်ရှင်က မျက်နှာကြော
တင်းတင်း လေသံမာမာနဲ့ ပြန်ဖြေခဲ့ တယ် ။ သူ့ လက်ထဲကအကြွေ တွေကိုငုံ့ ပြီး
ရေကြည့် လိုက်တယ် ။ သူမှာရှိတာအားလုံးပေါင်း က ထမင်းတစ်ပွဲတန်ဖိုးရဲ့ 
တစ်ဝက်စာတောင် မပြည့်ဘူး ။ ချက်ချင်း မျက်ရည်တွေဝဲလာတယ် ။
ရုတ်တရက် သူဘာလုပ် ရမှန်း မသိဘူး ။ ထမင်းဆိုင်ပိုင်ရှင် ကိုပြန်မော့
ကြည့်လိုက်တယ် ။ အကြွေတွေ ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြန့် ပြပြီး ထမင်း
ချည်း ဒီအကြွေရှိ သလောက် ရောင်းပေးပါလား လို့  တောင်းပန်သံ နဲ့ 
ပြောလိုက်တယ် ။ ထမင်းမစား ရတာ ကြာပြီးဆို တဲ့ အကြောင်းလဲ
ဆက်ပြောလိုက် တယ် ။ မျက်ရည်ဝဲပြီး တောင်းပန်သံနဲ့  ပြောနေတဲ့  သူ့ ရဲ့ 
လေသံကြောင့်လား ၊ ထမင်းမစားရတာ ကြာပြီးဆိုလို့ လား တော့ မသိဘူး
ဆိုင်ရှင် ရဲ့ မျက်နှာဟာ ချက်ချင်းပြောင်းသွားတယ် ။ ဖက်ရွက်တစ်ရွက် ကို
ဆွဲထုတ်ပြီး ဖက်ရွက်ပေါ်မှာ ထမင်းတွေကို ပုံ ၊ ထမင်း ပေါ်မှာ ဟင်းရည်အချို့ 
ဆမ်းပြီး သူ့ ကိုလှမ်းပေးတယ် ။ ထမင်းထုပ် ကိုလှမ်းယူရင်း လက်ထဲရှိတဲ့
အကြွေတွေ လှမ်းပေးတော့ ပေးစရာ မလိုကြောင်းဆိုင်ရှင် ကပြန်ပြောတယ် ။
ထမင်းထုပ်နဲ့  လှည့်အထွက်မှာ “ ဆိုင်ထဲမှာ မစား နဲ့  ၊ ခပ်လှမ်းလှမ်း မှာ
သွားစား ” လို့ ဆိုင်ရှင် လှမ်းပြောလိုက်တာကြောင့် ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့
သစ်ပင်တစ်ပင်အောက် ကို ဝမ်းသာအားရပြေးခဲ့တယ် ။ ဝမ်းသာ လွန်းလို့ 
ဆိုင်ရှင်ကို ကျေးဇူးတင် စကားပြောခဲ့မိလား ၊ မပြောခဲ့ မိဘူး လားတောင် သူ
မမှတ်မိတော့ဘူး ။ အဲဒီ ထမင်းတစ်နပ်ဟာ သူ့ ဘဝ တစ်လျှောက်လုံး စားဖူးခဲ့
သမျှအားလုံးထဲမှာ အရသာ အရှိဆုံး ဖြစ်ခဲ့တယ် ။

ဒီလိုနဲ့  သူ့ ကိုချစ်တဲ့ သူတွေ ရှိတဲ့ မြို့ ကိုရောက်ခဲ့တယ် ။ အမည်းရောင်မြေ လို့ 
သူခေါ်တဲ့ နေရာက အတွေ့ အကြုံ တွေကို ပြန်မပြောပြ တတ်ပေမဲ့ ထမင်းဆိုင်
ပိုင်ရှင်အဒေါ်ကြီး က သူ့ ကို တောင်းရမ်းစားသောက်နေသူလို့  ထင်ပြီး
မောင်းထုတ်မလို့ လုပ်နေရာကနေ သနားပြီး သူ့ ဘဝမှာ အရသာ အရှိဆုံး
ထမင်း တစ်နပ်ပေးလိုက်တာ ကို ရယ်စရာ တစ်ခုလို ပြန်ပြောပြ တတ်တယ် ။
အချိန်ရတဲ့ တစ်နေ့  စိတ်သဘောထား ကောင်းတဲ့ ထမင်းရှင် ဆီ ကို
ပြန်သွားလည် ဦးမယ် လို့ လဲ ပြော တတ်တယ် ။ ဒါပေမဲ့ သူ့ ဆန္ဒ တွေ ဟာ
လက်တွေ့ ဖြစ်မလာဘူး ။ အမည်းရောင် မြေက သူလွတ်မြောက်ခဲ့ ပေမဲ့
အမည်းရောင် အရိပ်ကြီးဟာ သူ နဲ့ ကပ်ပါလာခဲ့တယ် ။ အဲဒီအရိပ်ဟာ သူနဲ့ 
သက်ဆိုင်တဲ့ သူတွေကို လဲ ရိုက်ခတ်ခဲ့တယ် ။ သူ့ ဘဝရဲ့ သက်တမ်းဟာ သူ
ထင်ထား တာထက် အများကြီးတို ခဲ့တယ် ။ သူ့ ဘဝရဲ့ နောက်ဆုံး နေ့ ရက်တွေ
ထိ အရိပ်မည်းကြီး ရဲ့ ခြောက်လှန့် ခြင်းကို ခံခဲ့ ရတယ် ။ ။

Tuesday 29 September 2009

ထမင်းလုံးတစ္ဆေလား ? အိပ်မက်လား ?

ထမင်းလုံး တစ္ဆေ... ထမင်းလုံးတစ္ဆေ… လို့ လူကြီးတွေပြောတာ ငယ်ငယ်လေး
ထဲက ကြားဖူးတယ် ။ ကိုယ်တွေ့ ကြုံခဲ့ဖူး တယ် ဆိုတဲ့ သူတွေရဲ့  အတွေ့ အကြုံ
တွေလဲ နားထောင်ခဲ့ရဖူးတယ် ။ ထမင်းလုံး တစ္ဆေအခြောက်ခံရရင် အိပ်နေတဲ့
ကိုယ့်ရဲ့ ကိုယ်ပေါ်မှာ တယောက်ယောက် တက်ထိုင်နေသလို ခံစားရ ပြီး
ဘယ်လောက်ဘဲ ကြိုးစား ကြိုးစား ခြေလက်တွေ လှုပ်လို့  မရ ၊ လူကလဲ
ထထိုင်လို့ မရ နဲ့  အသယ်ရှူလို့ မဝ တာတွေ ခံစားရပြီး အချိန်အတော်ကြာ မှ
ခြေတွေလက်တွေ ပြန်လှုပ်လို့ ရလာ တတ်တယ်လို့ ပြောကြ တယ် ။ တချို့ 
ကလဲ ကိုယ်ပေါ်တက်ထိုင်နေတဲ့ သရဲ ကိုတောင်တွေ့ ရတယ်လို့ ပြန်ပြော
ပြကြတယ် ။ ထမင်းလုံးတစ္ဆေခြောက်တယ်လို့  ပြောကြသလို ၊ သရဲ စီးတယ်
လို့ လဲ ပြောကြတယ် ။

အဲဒီလိုကြားဖူးတာတွေကြောင့် ငယ်ငယ်လေးထဲက ရလာတဲ့ အကျင့်တစ်ခုက
ထမင်းလုံး တက်နင်းမိရင် ထမင်းလုံးတစ္ဆေ အခြောက်ခံရမှာ ကြောက်ပြီး
ချက်ချင်းပြေးပြီး ခြေလက်သွားဆေးမိတာပါဘဲ ။

နှစ်တော်တော်လေး တော့ ကြာပြီး ၊ ထမင်းလုံးတစ္ဆေနဲ့ ပတ်သက်ပြီး ဆေးပညာ
အမြင်နဲ့ ရှင်းပြထားတဲ့ ဆောင်းပါးတစ်ခု ကျွန်တော် ဖတ်ဖူးတယ် ။ ဆောင်းပါးမှာ
အဲဒီလိုခံစားရတဲ့ လက္ခဏာတွေဟာ သရဲအစီးခံ ရလို့  မဟုတ်ဘဲ ကိုယ်အိပ်တဲ့
နေရာ နေအထားနဲ့ ၊ ကိုယ်ရဲ့ ခန္ဓာကိုယ် အနေအထားကြောင့် ဖြစ်တာလို့ ရှင်းပြ
ထားတယ် ။

လူတစ်ယောက်ဟာ စအိပ်တဲ့ အချိန်မှာ ကိုယ်ခန္ဓာ အနေအထားက ပုံမှန်ပေမဲ့
အိပ်ပျော် သွားတဲ့ အခါမှာ ဟိုလှိမ့် ဒီလှိမ့် နဲ့  ကိုယ်ခန္ဓာ အနေအထား
ပြောင်းသွားတယ် ။ လက်တွေကို ကိုယ်လုံးနဲ့ ဖိမိချင် ဖိမိနေမယ် ၊ ခြေထောက်
တွေကလဲ ခေါက်ချင်သလိုခေါက်နေမယ် ၊ လည်ပင်းကလဲ လိမ်ချင်လိမ်နေမယ် ။
အဲဒီလို အနေအထားဖြစ်နေတဲ့ အချိန်မှာတချို့ သွေးကြောတွေဟာခေါက်နေလို့ 
သို့ မဟုတ် ဖိမိထားလို့  ခန္ဓာကိုယ်ရဲ့ အချို့ အစိတ်အပိုင်းတွေဆီ သွေးမစီး
နိုင်ဘူး ။ အဲဒီလိုဖြစ်ပြီး အချိန် အတိုင်းအတာ တစ်ခုထိကြာလာတဲ့အခါ
သွေးစီးဆင်း မှုရပ်ဆိုင်းခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဟာ ရုတ်တရက် လှုပ်ရှား
လို့ မရ ဖြစ်တတ်တယ် ။ အဲဒီအချိန်မှာ နိုးလာတဲ့ လူတစ်ယောက်ဟာ ခြေလက်
တွေ လှုပ်လို့ မရတာ ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ လှုပ်လို့ မရတာ ကိုခံစား
ရတာပါဘဲ ။

အိပ်နေရာကနေ ရုတ်တရက်လန့် နိုးလာပြီး ခြေလက်တွေ ချက်ချင်း လှုပ်လို့ 
မရတာကို ကြုံရတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် ကြောက်လန့် ပြီး ချွေး
တွေပြန်လာမယ် ၊ အသက်ရှူမဝသလိုတွေ ခံစားရမယ် ။ ကိုယ်အိပ်တဲ့
အခန်းဟာ လေဝင်လေထွက် မကောင်းရင် လဲ အိပ်နေရာက နိုးလာတဲ့ အခါမှာ
အသက်ရှူမဝတာကိုခံစားရတတ်တယ် ။ ခြေလက်တွေလဲ လှုပ်လို့ မရ ၊
အသက်ရှူကလဲ မဝနဲ့  အိပ်ချင်မူးတူးနဲ့  တအားကြောက်လန့် နေတဲ့
လူတစ်ယောက်ဟာ ကိုယ် ယုံခဲ့ ကြားဖူးခဲ့ တာတွေကို မြင်တတ်၊ ကြားတတ်
ကြတယ် ။ တကယ်တမ်းကြတော့ ဒီလက္ခဏာတွေဟာ သရဲအစီးခံရလို့ 
မဟုတ်ဘဲ ကိုယ်အိပ်တဲ့နေရာအနေအထား နဲ့  ခန္ဓာကိုယ် အနေအထား
ကြောင့်သာဖြစ်လို့  အိပ်နေရာ ကနေ ရုတ်တရက်နိုးပြီး ဒီလိုလက္ခဏာတွေ
ခံစားရရင် panic မဖြစ်ဘဲ စိတ်အေးအေးထားပြီး သွေးလည်ပတ်မှု ပုံမှန်ပြန် ဖြစ်
အောင် အချိန်နည်းနည်းပေးလိုက်ရင် အားလုံးပုံမှန်ပြန် ဖြစ်သွားမယ်လို့ 
ကျွန်တော် ဖတ်ဖူးတဲ့ ဆောင်းပါးမှာရှင်းပြထားတယ် ။

ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကတော့…

ကျွန်တော် နိုင်ငံခြား ရောက်ခါစ အလုပ်မရသေးတဲ့ အချိန် ၊ အိမ်ကလူတွေ
အလုပ်သွားရင် အလုပ်မရှိတဲ့ ကျွန်တော်တစ်ယောက်ထဲ အိမ်မှာ ကျန်နေ
တတ်တယ် ။ ကျွန်တော် တစ်ယောက်ထဲ ကျန်ခဲ့တဲ့ တစ်ရက်မှာ နိုင်ငံခြားကို
အတူတူ ထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်က အိမ်ကိုလာလည်တယ် ။
သူလဲအလုပ်မရသေးတော့ နှစ်ယောက်သား TV ထိုင်ကြည့်ရင်း အိပ်ငိုက်
လာတာနဲ့  သူငယ်ချင်းကို မင်းဘဲဆက်ကြည့်တော့ကွာ ငါသွားအိပ် တော့မယ်
ဆိုပြီး ဧည့်ခန်းနဲ့ ကပ်နေတဲ့ ကျွန်တော့်အခန်းထဲဝင်အိပ် ခဲ့တယ် ။

အခန်းထဲရောက်တော့လဲ ပက်လက်လှန်လိုက် ၊ မှောက်အိပ်လိုက် နဲ့  အိပ်ပျော်
အောင် ကြိုးစားရင်း တော်တော်လေး ကြာတဲ့အထိ အိပ်လို့ မရဘူးဖြစ်နေတယ် ။
မှောက်ပြီး အိပ်ပျော်အောင်ကြိုးစားနေတုန်း အခန်း ထဲကို လူတစ်ယောက်
ဖြေးဖြေးလေး ဝင်လာတဲ့ ခြေသံ ကြားရတယ် ။ TV ကြည့်ရင်းကျန်ခဲ့တဲ့
သူငယ်ချင်း ပျင်းလာတာနဲ့  ငါ့ကိုနောက်ဖို့ လာတာဘဲ ဆိုပြီး မှောက်လျက်
အိပ်နေရာကနေ လှည့်မကြည့်ဘဲ ခြေသံ အိပ်ရာ ဘေးရောက် လာတော့
လှည့်မကြည့် ဘဲ ခြေထောက်နဲ့ လှန်းကန်ဖို့  ကြိုးစားတဲ့ အခါ ခြေထောက်က
လှုပ်လို့  မရဘူး ၊ လှည့်ကြည့်ဖို့  ကြိုးစားတော့လဲ လှည့်လို့ မရဘူး ၊ မှောက်အိပ်
နေတဲ့ ကျွန်တော့် ကျောကုန်းပေါ်မှာ လူတစ်ယောက် တက်ထိုင်ပြီး ခြေထောက်
တွေကိုချူပ်ထား သလိုခံစားရတယ် ။ ဘယ်လိုရုန်းရုန်း မရတဲ့ အဆုံး ပါးစပ်နဲ့ 
တစ်ခုခုပြောဖို့ ကြိုးစား တော့လဲ စကား ပြောလို့ မရဘူး ။ စကားပြောလို့ မရ
တော့မှ ငါ့ကို သူငယ်ချင်းလာနောက် နေတာမဟုတ်ဘဲ ငါ သရဲ စီးခံ နေရ
တာလားမသိဘူး လို့ စဉ်းစားမိတယ် ။ အဲဒါနဲ့  ဘုရားစာ ဆိုလိုက် ရုန်းလိုက်
လုပ်တော့လဲ မထူးဘူး ။ ဖတ်ဖူးတဲ့ ဆောင်းပါးကို သတိရပြီး မရုန်း တော့ဘဲ
စိတ်အေးအေးနဲ့  ဘုရားစာဘဲ ဆက်ဆိုနေလိုက်တယ် ။ ခဏကြာတော့
ကျောကုန်း ပေါ်က လူဆင်းပြီး အခန်းအပြင် ကို ပြေးထွက်သွား သလို
ကြားရတယ် ။ ကျွန်တော်လဲ အိပ်ရာကလန့် နိုးလာ သလိုဖြစ်ပြီး ခြေလက်တွေ
ပြန်လှုပ်ရှားလို့  ရလာတယ် ။ ချက်ချင်း အခန်း အပြင်ကို ပြေး ထွက်ပြီး
သူငယ်ချင်းကို ကြည့်လိုက်တော့ TV ရှေ့ မှာအိပ်ပျော် ပြီး ဟောက်တောင်
ဟောက် နေသေးတယ် ။ အခန်းထဲက ပြေးထွက်လာပြီး အိပ်ချင်ယောင်
ဆောင်နေတာ ဟုတ်မဟုတ် သေချာအောင် လှုပ်နှိုးလိုက်တော့ တကယ့်ကို
အိပ်ပျော် နေရာက နိုးလာတဲ့ သူငယ်ချင်းက ကြောင်တောင်တောင်နဲ့  ဘာလဲဆို
တော့ ပျင်းတယ်ကွာ အပြင်လျှောက် သွားရအောင်လို့ ဘဲပြန်ပြောလိုက်တယ် ။
စိတ်ထဲမှာတော့ ငါအခန်းထဲ ကို ဝင်သွားတာနဲ့  ပြန်ထွက်လာတာ သိပ်မကြာဘူး
ဆိုတာဟုတ်ရဲ့ လား ၊ ငါအိပ်များ ပျော်သွားသေးလား ဆိုတာ ဇဝေဇဝါ
ဖြစ်နေတယ် ။ ကျွန်တော် ဝင်အိပ် တုန်း ကလဲ နာရီမကြည့် သွားမိတော့
ဝင်သွားတဲ့အချိန်နဲ့  ပြန်ထွက် လာတဲ့အချိန် ဘယ်လောက် ကြာလဲ ဆိုတာ
မသေချာဘူး ဖြစ်နေတယ် ။

ကျွန်တော် အိပ်မပျော်ခင် သူငယ်ချင်းကအိပ်ပျော်ပြီး ကျွန်တော်တကယ်ဘဲ သရဲ
အစီးခံရတာလား ? ဒါမှမဟုတ် နှစ်ယောက်စလုံး အိပ်ပျော်ပြီး ကျွန်တော်
အိပ်မက် မက်နေတာလား ? ဒါမှမဟုတ် နှစ်ယောက်စလုံး အိပ်ပျော်ပြီး
ကျွန်တော် လန့် နိုးလာတော့ သွေးကြောတွေ ပိတ်မိနေလို့ ခြေလက်တွေလှုပ်
မရတာနဲ့  တွေးချင်တာတွေ လျှောက်တွေးပြီး ကြားဖူးတာတွေလျှောက် မြင်နေ
တာလား ? မေးခွန်းပေါင်း များစွာနဲ့  ဒီနေ့ အထိ ဘယ်ဟာအမှန်လဲ ဆိုတာ
ကျွန်တော်လဲ မသေချာဘူး ။ သေချာတာကတော့ အဲဒီအိမ်မှာ ကျွန်တော်
နောက်ထပ် ၆လ လောက်ထပ်နေဖြစ်တယ် ။ အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ 
နေ့ တွေရော ၊ ညတွေရော အများကြီးပေမဲ့ အဲဒါမျိုး တစ်ခါမှထပ်မကြုံ ခဲ့ရဘူး ။

အဲဒီအဖြစ်အပျက်ဟာ ကျွန်တော့်ဘဝမှာကြုံခဲ့ရဖူးတဲ့ တစ်ခုထဲသော သရဲလိုလို ၊
အိပ်မက်လိုလို အဖြစ်အပျက်ပါ ။ သရဲဆိုတာကို ယုံကြည်တဲ့ လူတွေ ရှိသလို ၊
မယုံကြည်တဲ့ လူတွေလဲ အများကြီး ရှိပါတယ် ။ သရဲ ရှိမရှိနဲ့ ပတ်သက်ပြီး
သူငယ်ချင်း တစ်ယောက် ပြောဖူးတာက ပြိတ္တာတို့  ၊ ဘီလူးတို့  ၊ ဇော်ဂျီတို့ 
ရှိတာ ကို ယုံကြည်ရင် သရဲရှိတာကိုလဲ ယုံကြည်သင့်တယ်တဲ့ ။ ပြိတ္တာတို့  ၊
ဘီလူးတို့  ၊ ဇော်ဂျီတို့ ကို မယုံဘူးဆိုရင် အဲဒါတွေက ဘုရား ဇာတ်တော်တွေ
ထဲမှာ ကို အထင်အရှား ပါတာ ၊ မယုံဘူးဆိုရင် ဘုရား ဇာတ်တော်တွေကို
မယုံတာ ၊ ဘုရားကို မယုံဘူးလို့ ပြောတာနဲ့ အတူတူ ဘဲ လို့ ပြောတယ် ။
အဲဒါက သူငယ်ချင်းရဲ့  အမြင် နဲ့ အယူအဆ ပါ ။

သရဲအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တွေထဲမှာ သွေးသံရဲရဲနဲ့  လူတွေကို
ကြောက်အောင် ရိုက်ထားတဲ့ သရဲ ရုပ်ရှင်ကား တွေနဲ့  လဲ မတူ ၊ ဟာသ နဲ့ 
ကြောက်စရာ ပေါင်းထားပြီး ခုန်ဆွ ခုန်ဆွ နဲ့  သွားတတ်တဲ့ သရဲ ရုပ်ရှင်ကား
တွေ နဲ့ လဲ မတူဘဲ ၊ သရဲ ဆိုတဲ့ ဘဝ ရှိကြောင်းကို ယုံကြည် ရလောက် အောင်
ရိုက်ပြ ထားတဲ့ NICOLE KIDMAN သရုပ်ဆောင် ထားတဲ့ “ THE OTHERS ”
ဆိုတဲ့ ရုပ်ရှင်ကတော့ သရဲ ကိုယုံကြည်သူတွေရော ၊ မယုံကြည်သူတွေရော
ကြည့်သင့်တဲ့ ရုပ်ရှင်ကား ကောင်း တစ်ကား ပါ…..

Saturday 26 September 2009

၁၀နှစ်ကျော် မေ့မရတဲ့ ကဗျာ

ရှင့်ကိုမချစ် ၊ ရှင်ကျန်ရစ်တော့
ဘာညာ ၊ ဘာညာ ပြောလိုက်ရုံနဲ့ 
ဒီကောင့် အသည်း ခွဲလိုက်နိုင်ပြီး
မင်းမထင်နဲ့  …

လေနည်းနည်းစိုက် ၊ မင်းနောက်လိုက်လို့ 
မင်းကိုချစ်တယ် ပြောခဲ့တာဟာ
စိတ်ကမပါ ၊ ကံစမ်းတာ …


ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ ကဗျာမဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က
လှိုင်တက္ကသိုလ် ရဲ့  လင်မျှော်ကုန်း မှာ ကျွန်တော်တို့  သူငယ်ချင်း တစ်စု
ထိုင်နေတုန်း ၊ ကျောင်းသားတစ်စု လာရောင်းတဲ့ ကဗျာစာအုပ်ထဲက ကဗျာ
တစ်ပုဒ်ပါ ။ ကဗျာရေး တဲ့သူ နဲ့  ကဗျာနာမည် ကိုတော့ မမှတ်မိတော့ဘူး ။
စက်မှုတက္ကသိုလ် ကျောင်းသားတွေစုထုတ်တဲ့ ကဗျာစာအုပ်လို့  ထင်ပါတယ် ။
သူငယ်ချင်း ဝယ်လိုက်တဲ့ ကဗျာစာအုပ်ကို ဟိုလှန် ဒီလှန်လုပ်ရင်း ဒီကဗျာကို
တွေ့ တော့ကြိုက်လွန်းလို့  ကဗျာစာအုပ်ကို ငှားပြီး မေ့သလိုလုပ်ပြီး ပြန်မပေး
ရသေးတာ ဒီနေ့  အထိဘဲ ။ ။