Saturday 1 May 2010

မွန်ဆိုသည်မှာ

မွန်ဟူသမျှ -မရှိရ ဟု
ဆိုကြပါမူ - ခေါင်းယူစေခြင်း
လည်ကို စင်း၍ - ရှင်းလင်းခံမည်
မွန်သည်မွန်သာ - ဖြစ်ပါမည်

မွန်ရေး မွန်မှ - မလုပ်ရ ဟု
ဆိုကြစဉ်လတ် - လက်ကို ဖြတ်၍
ခြေထပ်ပိုင်းပါ - ကြွင်းခန္ဓာဖြင့်
ဆက်ကာလုပ်မည် - မဆုတ်ပြီဟု

မွန်သည် မွန်ရေး - လက်မနှေး
မွန်မျိုးကောင်းရာ - တွေးကြံပါမူ
သံပူချွန်စိုက် -ခေါင်းတွင် ရိုက်၍
ယူနှိုက်ဦးနှောက် - ချေမှုန်းဖျောက်စေ
မကြောက်နေရက် - သေလမ်းထက်က
မွန်တွက်မွန်ဆက် - တွေးကြံလျှက်

( နိုင်ဥဿာ MNDF-LA )

(Kaowao Newsgroup မှ ကူးယူထား ခြင်းဖြစ်သည်)

No comments:

Post a Comment