Saturday 3 October 2009

ပုံပြင် မဟုတ်သော ပုံပြင်

သူ့ ကို လူလတ်တန်းစား မိသားစုက မွေးဖွားခဲ့တယ် ။ သူ့ မှာ သူ့ ကိုချစ်တဲ့
မိဘနဲ့  ညီအစ်ကို မောင် နှစ်မတွေရှိတယ် ။ သူတို့ မိသားစုဟာ အရမ်း
ချမ်းသာတဲ့ သူတွေ မဟုတ်ပေမဲ့ လူတန်းစေ့ နေနိုင်ကြတယ် ။ သူ့ မိဘတွေဟာ
သူတို့  ညီအစ်ကို မောင်နှစ်မတွေကို ဘာအတွက်ကြောင့်နဲ့ မှ မျက်နှာမငယ်
ရအောင် အမြဲတမ်းထားတယ် ။ ကိုယ်လုပ်ချင်တာဆို ဘာကိုမှ ဂရုမစိုက်ဘဲ
လုပ်တတ်တဲ့ အကျင့်ကြောင့် သူဟာ ပြဿနာတွေနဲ့  ကြာကြာ ဝေးမနေ
တတ်ဘူး ။ အကြောင်း အမျိုးမျိုး ကြောင့် တစ်နေ့ မှာ သူချစ်တဲ့လူတွေနဲ့ ၊ သူ့ ကို
ချစ်တဲ့လူတွေ အားလုံးကိုခွဲပြီး ဝေးရာကို သူထွက်ခဲ့တယ် ။

ဒီလိုထွက်ခဲ့တာဟာ သူ့  အတွက် ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ၊
ဒီတစ်ခေါက်မှာ သူ့ ဘဝအတွက် မေ့လို့ မရတဲ့ ပထမဆုံး အတွေ့ အကြုံ
တွေသူရခဲ့တယ် ။ အိပ်ခွင့်မရတဲ့ ညတွေ ၊ ဝမ်းဖြည့်စရာ ဘာမှမရှိတဲ့ နေ့ ရက်
တွေ နဲ့  အသက်အန္တရာယ် တွေကြားမှာ အေးချမ်းလှတဲ့ အရိပ်ကို သူ အရမ်း
တောင့်တခဲ့တယ် ။ လက်ရှိရောက်နေတဲ့ နေရာကို “ အမည်းရောင်မြေ ” လို့  သူ
နာမည် ပေးထားတယ် ။ ဒီနေရာ ကနေ လွတ်မြောက်နိုင်မဲ့ လမ်းစ ကိုလဲ သူ
မတွေ့ ဘူး ။ အချိန်တွေ ကြာလာတာနဲ့ အတူ အရင်က သူ ငြိမ်းချမ်းစွာ နေထိုင်
ခဲ့ဖူးတဲ့ ၊ သူ့ ကိုအမြဲတမ်း ဝမ်းသာအားရ ကြိုဆိုနေ တတ်တဲ့ အဝေး တစ်နေရာ
မှာရှိနေတဲ့ အေးချမ်းလှတဲ့ အရိပ်တစ်ခုဟာ သူ့ အတွက် အိပ်ခွင့်ရတဲ့ ညတွေမှာ
မက်တဲ့ အိမ်မက်လှလှ တစ်ခုဖြစ်လာတယ် ။ သူ့ ဘဝ ဟာ ဒီနေရာမှာဘဲ
အဆုံးသတ် တော့မဲ့ အတူတူ မြန်လေ ကောင်းလေ ဆိုပြီး မကြံ စည်
သင့်တာတွေ ကိုလဲ တစ်ကြိမ်ထက် မနည်း သူ လုပ်ခဲ့တယ် ။ အကြိမ်ကြိမ်
မအောင်မြင်ခဲ့တဲ့ အကြံအစည်တွေဟာ နောက်ဆုံးမှာ သူ့ ဘဝ ဒီမှာဘဲ
အဆုံးသတ် တော့မယ်ဆိုတဲ့ သူ့ အမြင် ကိုပြောင်းလဲစေ ခဲ့တယ် ။
မျှော်လင့်ချက်တွေ ပြန်လည်မွေးဖွားလာတယ် ။ သူ့ ရဲ့ တစ်ခုတည်းသော
ရည်ရွယ်ချက်ဟာ သူ့ ကို အမြဲတမ်း ကြိုဆိုနေတဲ့ အရိပ်တစ်ခု ရှိတဲ့ နေရာကို
ပြန်ရောက်ဖို့ ဖြစ်လာတယ် ။ လက်ရှိအခြေအနေကနေ လွတ်မြောက်နိုင်မဲ့
အခွင့်အလမ်း တွေကို အမြဲတမ်း စောင့်ကြည့်နေတတ်သလို ၊ အခွင့်အလမ်းတွေ
ပေါ်လာအောင်လဲ အမျိုးမျိုး ကြိုးစားခဲ့တယ် ။ သူ့ ရဲ့ ကြိုးစားမှုတွေ အရာထင်
ခဲ့တယ် ။ တစ်နေ့ မှာ သူမျှော်လင့်နေတဲ့ အခွင့်အလမ်းတစ်ခုကို သူ ရခဲ့တယ် ။

အဝတ်အစားနွမ်းနွမ်း ၂စုံ ၊ ငွေအကြွေတစ်ချို့ နဲ့  အကြမ်းခံ ဖိနပ်တစ်စုံ
စုထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်တစ်လုံးကို ပိုက်ပြီး ဒီနေရာနဲ့  ဝေးနိုင်သမျှ
ဝေးအောင် မနားတမ်း သူပြေးခဲ့တယ် ။ လမ်းမှာ ဘယ်နှစ်ကြိမ်လဲပြီး
ဘယ်နှစ်ကြိမ် ပြန်ထခဲ့ရလဲ သူမမှတ်မိတော့ဘူး ။ ည ဘယ်နှစ်ည ကို ဖြတ်ခဲ့
ရလဲဆိုတာလဲ ဇဝေဇဝါ ဘဲ ။ သွေးသံ ရဲရဲနဲ့  ဒဏ်ရာတွေက ဘယ်နေရာမှာ
ဘယ်လိုရခဲ့တာလဲ ဆိုတာကို သူပြန် စဉ်းစားလို့ မရတော့ဘူး ။ ဒါတွေက သူ့ 
အတွက် အရေးမကြီးတော့ဘူး ။ ခုဆို အမည်းရောင်မြေ ကနေ သူလွတ်မြောက်
ခဲ့ပြီး ။ အဝေးပြေးကုန်တင်ယာဉ် မောင်းတဲ့ လူတစ်ယောက်ရဲ့ ကြင်နာ တတ်တဲ့
စိတ် ၊ ကူညီတတ်တဲ့ စိတ်ကြောင့် သူသွားချင်တဲ့ မြို့ ကိုလဲ လမ်းကြုံလိုက်ခွင့်ရ
ခဲ့ပြီး ။ ကုန်တင်ယာဉ် ရဲ့ နောက်ဖက် ကုန်တွေကြားမှာ သူပိုင်ဆိုင်သမျှ အားလုံး
ထည့်ထားတဲ့ ဂုန်နီအိတ် အစုတ်လေးကို ပိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်
ခဲ့တယ် ။

တရေးလန့် နိုးတော့ သူ ပထမဆုံး သတိထား မိတာက ကုန်တင်ယာဉ်ဟာ
တစ်နေရာထဲမှာ ရပ်နေတယ် ။ မလှမ်းမကမ်း က မသဲမကွဲ စကားသံတွေကိုလဲ
ကြားနေရတယ် ။ စကားသံတွေ ကြားရတဲ့ဘက်ကို ခေါင်းထောင်ပြီး လှမ်းကြည့်
လိုက်တော့ အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ ဖွင့်ထား တဲ့
ထမင်းဆိုင်လေး တစ်ဆိုင်ကိုတွေ့ တယ် ။ ကားသမားတွေ ထမင်းစား ခဏ
နားနေတာ ဆိုတာ သူသိလိုက်တယ် ။ ထမင်းဆိုတဲ့ အတွေး ခေါင်းထဲဝင်
လာတာနဲ့  ချက်ချင်းသူ ဗိုက်ဆာလာတယ် ။ ထမင်း မစား ခဲ့ရတာ
ဘယ်နှစ်ရက်ရှိပြီးလဲ သူ မမှတ်မိ တော့ဘူး ။ ရက်တွေကို သူ မရေတွက်ခဲ့
တာကြာပြီး ။ ကုန်ကားပေါ်ကနေ ဆင်းပြီး ဂုန်နီအိတ်စုတ်ကို လက်တစ်ဖက်
ကပိုက် ၊ ပါလာတဲ့ ငွေအကြွေအချို့ ကို ကျန်တဲ့လက် တစ်ဖက်ထဲမှာ ကျစ်ကျစ်
ပါအောင်ကိုင်ပြီး ထမင်းဆိုင် ဆီကို သူလျှောက်ခဲ့ တယ် ။

ဟောင်းနွမ်းလွန်းနေတဲ့ အဝတ်အစား တွေ ၊ သပ်သပ်ရပ်ရပ် ဖြတ်ညှပ် ထားတာ
မဟုတ်ဘဲ ကြိုးတိုးကြောင်တောင် ရှည်ချင်သလို ရှည်နေတဲ့ သူ့ ရဲ့ ဆံပင်တွေနဲ့ 
ဖြေးဖြေးချင်း လျှောက်လာတဲ့ သူ့ ရဲ့  ပုံစံကြောင့် လူတွေအားလုံး ရဲ့ အကြည့်
ဟာ သူ့ ဆီ ရောက်လာတယ် ။ သူဒါတွေကို ဂရုမစိုက်အားဘူး ။ ထမင်းဆိုင်
ပိုင်ရှင်လို့ ထင်ရတဲ့ အဒေါ်ကြီးဆီကို တန်းပြီးလျှောက်ခဲ့တယ် ။ ထမင်းဆိုင်ထဲက
ထမင်းနံ့ ၊ ဟင်းနံ့ တွေကြောင့် ဗိုက်က ပိုဆာ လာတယ် ။ ထမင်းတစ်ပွဲ
ဘယ်လောက်လဲဆို တဲ့ သူ့ ရဲ့ အမေးကို ထမင်းဆိုင်ပိုင်ရှင်က မျက်နှာကြော
တင်းတင်း လေသံမာမာနဲ့ ပြန်ဖြေခဲ့ တယ် ။ သူ့ လက်ထဲကအကြွေ တွေကိုငုံ့ ပြီး
ရေကြည့် လိုက်တယ် ။ သူမှာရှိတာအားလုံးပေါင်း က ထမင်းတစ်ပွဲတန်ဖိုးရဲ့ 
တစ်ဝက်စာတောင် မပြည့်ဘူး ။ ချက်ချင်း မျက်ရည်တွေဝဲလာတယ် ။
ရုတ်တရက် သူဘာလုပ် ရမှန်း မသိဘူး ။ ထမင်းဆိုင်ပိုင်ရှင် ကိုပြန်မော့
ကြည့်လိုက်တယ် ။ အကြွေတွေ ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြန့် ပြပြီး ထမင်း
ချည်း ဒီအကြွေရှိ သလောက် ရောင်းပေးပါလား လို့  တောင်းပန်သံ နဲ့ 
ပြောလိုက်တယ် ။ ထမင်းမစား ရတာ ကြာပြီးဆို တဲ့ အကြောင်းလဲ
ဆက်ပြောလိုက် တယ် ။ မျက်ရည်ဝဲပြီး တောင်းပန်သံနဲ့  ပြောနေတဲ့  သူ့ ရဲ့ 
လေသံကြောင့်လား ၊ ထမင်းမစားရတာ ကြာပြီးဆိုလို့ လား တော့ မသိဘူး
ဆိုင်ရှင် ရဲ့ မျက်နှာဟာ ချက်ချင်းပြောင်းသွားတယ် ။ ဖက်ရွက်တစ်ရွက် ကို
ဆွဲထုတ်ပြီး ဖက်ရွက်ပေါ်မှာ ထမင်းတွေကို ပုံ ၊ ထမင်း ပေါ်မှာ ဟင်းရည်အချို့ 
ဆမ်းပြီး သူ့ ကိုလှမ်းပေးတယ် ။ ထမင်းထုပ် ကိုလှမ်းယူရင်း လက်ထဲရှိတဲ့
အကြွေတွေ လှမ်းပေးတော့ ပေးစရာ မလိုကြောင်းဆိုင်ရှင် ကပြန်ပြောတယ် ။
ထမင်းထုပ်နဲ့  လှည့်အထွက်မှာ “ ဆိုင်ထဲမှာ မစား နဲ့  ၊ ခပ်လှမ်းလှမ်း မှာ
သွားစား ” လို့ ဆိုင်ရှင် လှမ်းပြောလိုက်တာကြောင့် ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့
သစ်ပင်တစ်ပင်အောက် ကို ဝမ်းသာအားရပြေးခဲ့တယ် ။ ဝမ်းသာ လွန်းလို့ 
ဆိုင်ရှင်ကို ကျေးဇူးတင် စကားပြောခဲ့မိလား ၊ မပြောခဲ့ မိဘူး လားတောင် သူ
မမှတ်မိတော့ဘူး ။ အဲဒီ ထမင်းတစ်နပ်ဟာ သူ့ ဘဝ တစ်လျှောက်လုံး စားဖူးခဲ့
သမျှအားလုံးထဲမှာ အရသာ အရှိဆုံး ဖြစ်ခဲ့တယ် ။

ဒီလိုနဲ့  သူ့ ကိုချစ်တဲ့ သူတွေ ရှိတဲ့ မြို့ ကိုရောက်ခဲ့တယ် ။ အမည်းရောင်မြေ လို့ 
သူခေါ်တဲ့ နေရာက အတွေ့ အကြုံ တွေကို ပြန်မပြောပြ တတ်ပေမဲ့ ထမင်းဆိုင်
ပိုင်ရှင်အဒေါ်ကြီး က သူ့ ကို တောင်းရမ်းစားသောက်နေသူလို့  ထင်ပြီး
မောင်းထုတ်မလို့ လုပ်နေရာကနေ သနားပြီး သူ့ ဘဝမှာ အရသာ အရှိဆုံး
ထမင်း တစ်နပ်ပေးလိုက်တာ ကို ရယ်စရာ တစ်ခုလို ပြန်ပြောပြ တတ်တယ် ။
အချိန်ရတဲ့ တစ်နေ့  စိတ်သဘောထား ကောင်းတဲ့ ထမင်းရှင် ဆီ ကို
ပြန်သွားလည် ဦးမယ် လို့ လဲ ပြော တတ်တယ် ။ ဒါပေမဲ့ သူ့ ဆန္ဒ တွေ ဟာ
လက်တွေ့ ဖြစ်မလာဘူး ။ အမည်းရောင် မြေက သူလွတ်မြောက်ခဲ့ ပေမဲ့
အမည်းရောင် အရိပ်ကြီးဟာ သူ နဲ့ ကပ်ပါလာခဲ့တယ် ။ အဲဒီအရိပ်ဟာ သူနဲ့ 
သက်ဆိုင်တဲ့ သူတွေကို လဲ ရိုက်ခတ်ခဲ့တယ် ။ သူ့ ဘဝရဲ့ သက်တမ်းဟာ သူ
ထင်ထား တာထက် အများကြီးတို ခဲ့တယ် ။ သူ့ ဘဝရဲ့ နောက်ဆုံး နေ့ ရက်တွေ
ထိ အရိပ်မည်းကြီး ရဲ့ ခြောက်လှန့် ခြင်းကို ခံခဲ့ ရတယ် ။ ။