Thursday 6 May 2010

အသက်ရှည်ဖို့ အိပ်ကြစို့ 

ဒီနေ့ ဖတ်မိတဲ့ သိပ္ပံပညာရှင်တွေရဲ့  စိတ်ဝင်စား စရာ တွေ့ ရှိချက် သတင်း တစ်ခုပါ ။ လူတစ်ယောက် ရဲ့ သက်တမ်းဟာ နေ့ စဉ်အိပ်စက် အနားယူတဲ့ အချိန်နဲ့  ဆက်နွယ် နေတယ်တဲ့ ။ တစ်နေ့ ကို ၆နာရီ အောက်သာ အိပ်တဲ့ သူတွေဟာ အသက်တိုတယ်တဲ့ ။ ဒါဆို အကြာကြီး အိပ်တဲ့ သူတွေက အသက် ပို ရှည် သလား ဆိုတော့လဲ မဟုတ်သေးဘူး ။ ၉နာရီ ထက်ပို အိပ်တဲ့ သူတွေဟာ ပုံမှန်မဟုတ်ဘူး လို့ ဆိုတယ် ။

သူတို့ ရဲ့  တွေ့ ရှိချက်က ၆နာရီ အောက်ပဲ အိပ်ရင် ကျန်းမာရေး ထိခိုက်နိုင်ပြီး ၊ ၉နာရီ ထက်ပို အိပ်တဲ့ သူတွေက ကျန်းမာရေး ပုံမှန် မဟုတ်ဘူး ဆိုတာကို ပြနေတာ ပါတဲ့ ။ လူတစ်ယောက်ရဲ့  နေ့ စဉ် ပုံမှန်အိပ်သင့်တဲ့ အချိန်ဟာ ၆နာရီ နဲ့  ၉နာရီ ကြားမှာ ရှိသင့်တယ် လို့ ဆိုပါတယ် ။

သိပ္ပံပညာရှင်တွေဟာ UK, US, Europe နဲ့  Asia ကလူပေါင်း ၁ သန်းကျော်ကို ၂၅နှစ်ကြာ မှတ်တမ်းတင်ပြီး စောင့်ကြည့်တဲ့ အခါ ၆နာရီ အောက်အိပ်တဲ့ သူတွေက ပုံမှန် ၆နာရီ နဲ့  ၈နာရီ ကြား အိပ်တဲ့ သူတွေထက် ၁၂ % ပိုပြီး အသက်တို တာကိုတွေ့  ရတယ်လို့ ဆိုပါတယ် ။

ထို့ ကြောင့် သင့်မိဘများက သင့်အား စာကျက်ရန် ဟုပြောပြီး ညအချိန်တွင် နောက်ကျမှ အိပ်ခိုင်း၍ မနက် အစောကြီး လာနှိုးလျှင် သင့်မိဘများ သင့်အား ဘာ့ကြောင့် အသက်တိုစေချင် ကြသလဲ ပြန်စဉ်းစားပါ ။ သင်ဟာမွေးစား သားသမီးများ ဖြစ်နေသလားဟု သေချာစုံစမ်း ကြည့်ပါ ။

သင့်မှာ အဆင်မပြေမှုတွေ ၊ စိတ်ညစ်စရာတွေ များလို့  suicide လုပ်ဖို့ များ စိတ်ကူး မိခဲ့လျှင် အခြားသော နည်းလမ်း များအား စဉ်းစား မနေပါနှင့် သိပ္ပံ ပညာရှင် များ၏ ယခုတွေ့ ရှိချက်ကို သတိရပြီး ၆နာရီ ထက်သာ လျှော့အိပ် လိုက်ပါ ။ ။

No comments:

Post a Comment