Einsatzgruppen တပ်သားတွေဟာ ၂ ရက်အတွင်း လူပေါင်း ၃၃၄၇၁ ယောက် အသတ်ခံခဲ့ ရတဲ့ Babi Yar massacre နဲ့  ၂ ရက်အတွင်း လူပေါင်း ၂၅၀၀၀ အသတ်ခံခဲ့ ရတဲ့ Rumbula massacre အပါအဝင် Poland, Netherlands, Belgium, France နဲ့  Soviet Union စတဲ့ နိုင်ငံတွေမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့ကြတယ် ။
ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာ Einsatzgruppen တပ်သားတွေဟာ စစ်သုံ့  ပန်းတွေ ၊ သူလျှိုတွေ ၊ အပြစ်မဲ့ ပြည်သူတွေ ၊ သက်ကြီး ရွယ်အိုတွေ နဲ့  ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁ သန်းကျော်ကို ပစ်သတ်ခဲ့ကြတယ် ။ အသတ်ခံခဲ့ ရတဲ့ လူအများစု ကတော့ ဂျူး လူမျိုးတွေ ဖြစ်တယ် ။








ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ မှတ်တမ်း ဓာတ်ပုံတွေထဲက အောက်က ဓာတ်ပုံကတော့ လူသိ အများဆုံးနဲ့  အကြော်ကြားဆုံး ဓာတ်ပုံပါ ။ အဲဒီဓာတ်ပုံကို Einsatzgruppen တပ်သား တစ်ယောက် သိမ်းထားတဲ့ ဓာတ်ပုံတွေထဲက ရခဲ့တာဖြစ်ပြီး ဓာတ်ပုံရဲ့  နောက်ကျောဖုံးမှာ “The last Jew of Vinnitsa” (Vinnitsa မြို့ မှ နောက်ဆုံး ဂျုး) လို့  ရေးထားတယ် ။ အဲဒီ အချိန်တုန်းက Vinnitsa မြို့ မှာ နေထိုင်နေတဲ့ ဂျုးလူမျိုး ၂၈၀၀၀ လုံး အသတ်ခံခဲ့ရတယ် ။

No comments:
Post a Comment