Saturday 5 June 2010

Blue Hole + Freedivers = Awesome Video

Clarence Town ( Long Island, Bahamas ) နဲ့  1km လောက်မှာ ရှိတဲ့ Dean’s blue hole ဟာ ကမ္ဘာပေါ်မှာ အနက်ဆုံး blue hole ပါ ။ တွင်းရဲ့  မျက်နှာပြင် အကျယ်ဟာ မီတာ ၂၀ ဝန်းကျင်ခန့်  ရှိပြီး တွင်းနက်ပိုင်း မှာတော့ မီတာ ၁၀၀ ခန့် ထိ အကျယ် ရှိပါတယ် ။ Dean’s blue hole ရဲ့  အောက်ခြေ အထိ အနက်က မီတာ ၂၀၂ ( ၆၆၃ ပေ ) ရှိပြီး အခြား blue hole တွေထဲက အနက်ဆုံး blue hole ကမှ မီတာ ၁၁၀ (ပေ ၃၆၀) သာရှိပါတယ် ။

အောက်က video က Dean’s blue hole မှာ World champion freediver Guillaume Nery ရဲ့  base jumping style freediving ကို french champion Julie Gautier က ရိုက်ထားတဲ့ video အတိုလေးပါ ။ Video ကပြန် edit လုပ်ထားတာ ဖြစ်ပေမဲ့ အစအဆုံးကို ရေအောက်မှာ အသက်ရှူ ကရိယာတွေ မပါဘဲ ရိုက်ထားတာပါ ။

YouTube ရဲ့  comment box မှာ “ From Guillaum...To clarify: this movie is A FICTION AND AN ARTISTIC PROJECT. I don't claim to have reached the bottom of the hole (202m) without rope and fins, as the world record in no-fins discipline is 95m. We made this movie to show another approach in freediving videos. We wanted to express the strenght of the elements water-earth-air and the sensations of freedom, harmony, exploration ” လို့  ရေးထားပါတယ် ။





World champion freediver Guillaume Nery



French champion Julie Gautier

No comments:

Post a Comment