“ဝ” လို့ ရေးပြရင်တော့ ဘယ်နေရာကပဲ ကြည့်ကြည့် “ဝ” လို့ ပဲ မြင်ကြမှာပါ ။ ဒါပေမဲ့ မူလရေးပြ သူရဲ့  ဆိုလိုရင်း သဘောထားကို မသိပဲ မြင်တဲ့ အတိုင်းသာ အဓိပ္ပါယ် ဖွင့်ကြမယ်ဆိုရင် “သုံည” လို့  ထင်ကြမဲ့ သူတွေရှိသလို ၊ “ဝလုံး” လို့  ထင်ကြမဲ့ သူတွေလဲ ရှိမှာပါ ။
အကြောင်းအရာ တစ်ခုရဲ့  အခြေအနေအမှန် ကိုသိဖို့  ဆိုရင် ကိုယ်ရောက်နေတဲ့ နေရာက အရေးကြီး သလို ၊ ကိုယ်မြင်နေရတဲ့ အရာရဲ့  သဘောထား အမှန်ကိုလဲ နားလည်ဖို့  လိုအပ်တယ် ။ ကိုယ် ရောက်နေတဲ့ နေရာက မှားနေမယ် ၊ သဘောထား အမှန် တွေကို မသိနိုင်အောင် ဖုံးကွယ် ခံထားရမယ် ဆိုရင် ကိုယ် မြင်နေရတဲ့ အမှန်တရား တွေဟာ တကယ်တော့ အမှားတွေပါ ။
အောက်ကပုံတွေက online က တွေ့ လို့ စုထားတဲ့ ပုံတွေပါ ။ ၉၀ ဒီဂရီ ပြောင်းလိုက် တာနဲ့  လဲကျနေတဲ့ သူတွေကို ထောင်မတ် နေတဲ့ သူတွေလို့  အမြင်ပြောင်း သွားစေတယ် ။ နောက်ဆုံးပုံ ကတော့ ၁၈၀ ဒီဂရီ ပြောင်းထားတဲ့ ပုံပါ ။ အရိပ်ကို တကယ်ပုံရိပ် လို့ ထင် ၊ တကယ့်ပုံရိပ်ကို အရိပ်လို့  မြင်အောင် ပြောင်းလဲစေတယ် ။ ။
















No comments:
Post a Comment