Saturday 28 October 2017

ဥစ္စာပျောက် ငရဲရောက်

ပစ္စည်း တစ်ခုခု ပျောက်ရင် ကိုယ့် ဘာသာ အသုံးမကျလို့  တနေရာရာမှာ ကျပျောက်ခဲ့တာ မျိုးက ကိစ္စ မရှိပေမဲ့ ၊ အခိုးခံ လိုက်ရတာ ဆိုရင်တော့ ပစ္စည်းလဲ အခိုးခံ ရတယ် ငရဲလဲ ရောက် ရဦးမယ် ။

ပစ္စည်း အခိုးခံ ရပြီး ဆိုတာနဲ့  ဖြစ်နိုင်ချေ ရှိတဲ့ သူအားလုံးကို ကိုယ့်စိတ်က သံသယ ဖြစ်မိတော့မယ် ။ တကယ်ယူ သွားတဲ့ သူကို စွပ်စွဲ မိတာ ကိစ္စ မရှိပေမဲ့ ၊ ဘာမှ မဆိုင်တဲ့ သူတွေကို စွပ်စွဲ မိတဲ့ အခါမှာ အလကားနေရင်း ငရဲကြီးတော့မယ် ။ ၀ဋ် ဆိုတာ ကလဲ ရှိသေးတယ် ။

သူခိုး ခိုးခံ ရတိုင်း ပစ္စည်းကို နှမျော မိတာထက် ၊ ငရဲ ရောက်ရမဲ့ အဖြစ်ကို ပိုပြီး စိတ်ညစ်ရတယ် ။ ။

No comments:

Post a Comment