Saturday 27 February 2016

Strangers, again

ဒီ post ကတော့ Strangers Again ဆိုတဲ့ video ကို share ချင်တာပါ။ အောက်က video ထဲမှာ relationship အကြောင်းကို

Stage 1 : Meeting
Stage 2 : The Chase
Stage 3 : Honeymoon
Stage 4 : Comfortable
Stage 5 : Tolerance
Stage 6 : Downhill
Stage 7 : Breaking up

ဆိုပြီး အဆင့် ၇ ဆင့်နဲ့  ရိုက်ပြထားတယ် ။

Relationship တစ်ခုနဲ့  တစ်ခု စတင်ပုံချင်း တူမှာမဟုတ် သလို ၊ ဖြတ်သန်းကြ ရတဲ့ အဆင့်တွေလဲ တူကြ မှာမဟုတ် ပါဘူး ။ ကိုယ့်ရဲ့  relationship ဟာ ဘယ်လို ပုံစံပဲ ဖြစ်ဖြစ် တချိန်ချိန် မှာတော့ comfortable ဆိုတဲ့ အဆင့်ကို ဖြတ်သန်း ကြရလိမ့်မယ် ။ တစ်ဦးနဲ့  တစ်ဦး ပြောမနာ ဆိုမနာ ၊ ဟန်ဆောင်နေ စရာတွေ မလိုတော့တဲ့ comfortable ဆိုတဲ့ ဒီအဆင့်ဟာ relationship တိုင်းရဲ့  အရေးကြီးဆုံး အချိန်ပါ ။

တစ်ချို့  သူတွေက တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့် လင်းလင်း လေ့လာခွင့် ရတဲ့ အဲဒီအချိန်တွေကို အသုံးချပြီး နားလည်မှု တွေ ပိုခိုင်မာ လာအောင် ကြိုးစား ကြတယ် ။ ပြင်စရာ ရှိတာတွေပြင် ၊ ညှိုနှိုင်း စရာတွေ ညှိုနှိုင်း ၊ လိုတိုး ပိုလျှော့ နဲ့  relationship ပို ခိုင်မာ လာအောင် ၊ ရေရှည် တည်တံ့အောင် ကြိုးစားကြတယ် ။

တစ်ချို့  သူတွေကတော့ အဲဒီ အဆင့်မှာ comfortable အဖြစ် လွန်သွားကြတယ် ။ ကြိုးစားမှုတွေ ကို ရပ်လိုက်ကြတယ် ။ မိမိတို့  ရဲ့  အတ္တ တွေကို ပြန် အသက်သွင်းလာ ကြတယ် ။ အပြန်အလှန် နားလည်မှုတွေ ၊ အနစ်နာ ခံမှုတွေ နေရာမှာ အားပြိုင်မှုတွေ ၊ တာဝန် ကျေမှု တွေနဲ့  အစားထိုးလာ ကြတယ် ။ အဲဒီလိုနဲ့ ပဲ relationship တစ်ခုဟာ tolerance အဆင့်ကို ရောက်မှန်း မသိရောက်သွား ကြတယ် ။ Tolreance အဆင့်ဟာ relationship တစ်ခုမှာ အန္တရာယ် အများဆုံး အဆင့်ပါ ။ ဒီအဆင့်မှာ အချိန် ကြာလာလေ relationship တစ်ခုဟာ ပျော်ရွှင် မှုတွေနဲ့  အဆုံး သတ်ဖို့  ဝေးလေ ပါပဲ ။ ဒီအဆင့် ကို ဖြတ်သန်း နေရသူတိုင်း ပျော်ရွှင်စရာ ကောင်းတဲ့ relationship အဆင့်ကို အချိန်မှီ ပြန်လှည့် နိုင်ကြပါစေ ။ ။


Strangers, again

No comments:

Post a Comment