

ကိုယ် ကိုယ်တိုင် သိချင်လို့ ပဲ ဖြစ်ဖြစ် ၊ အခြားသူတွေ အတွက်ပဲ ဖြစ်ဖြစ် အောက်က Link တွေမှာ နောက်ဆုံး အခြေအနေတွေကို 24/7 အင်္ဂလိပ်လို လွှင့်နေတာကို ကြည့်လို့ ရပါတယ် ။ Link ၃ ခု လုံးမှာ လွှင့်နေတဲ့ သတင်းတွေက အတူတူပါပဲ ။ အဆင်ပြေတဲ့ Link မှာ ကြည့်ပါ ။
http://www3.nhk.or.jp/nhkworld/
http://www.ustream.tv/channel/nhk-world-tv
http://live.nicovideo.jp/watch/lv43681193
ဂျပန်နိုင်ငံဟာ ကမ္ဘာ့  နိုင်ငံတွေထဲမှာ သဘာဝ ဘေးအန္တရာယ်တွေ အတွက် ကြိုတင် အပြင်ဆင်ထားဆုံး နိုင်ငံပါ ။ ဂျပန်နိုင်ငံရဲ့  တည်နေရာ မြေအနေအထားအရ ငလျှင် မကြာခဏ လှုပ်တတ်တာကြောင့် အဆောက်အဦး တွေကအစ ငလျှင်ဒဏ် ကို ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ နိုင်ငံပါ ။ ဆူနာမီ အန္တရာယ် က ကာကွယ်ဖို့  အတွက်လဲ ဂျပန်ကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီ သတိပေး ကိရိယာတွေ ရာနဲ့  ချီပြီး တပ်ဆင်ထားတယ် ။ အချို့  ကမ်းရိုးတန်း မြို့ တွေမှာ ဆူနာမီ လှိုင်းဒဏ်တွေကို ကာကွယ်ဖို့  တံတိုင်းတွေကို ဆောက်ထားတယ် ။
ဒါပေမဲ့ ဒီတစ်ခါလှုပ်တဲ့ ငလျှင်ဟာ ပညာရှင်တွေ ခန့် မှန်းထားတာထက် အင်အားအများ ကြီး ပြင်းခဲ့တယ် ။ ဒီတစ်ခါ လှုပ်တဲ့ ငလျှင်ဟာ ဂျပန်နိုင်ငံမှာ လှုပ်ဖူးခဲ့တဲ့ ငလျှင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျှင် ဖြစ်တယ် ။ ငလျှင်လှုပ်အပြီးမှာ ဝင်လာတဲ့ အင်အားပြင်းလွန်းတဲ့ ဆူနာမီ လှိုင်းတွေဟာ သူတို့ ကို ကာကွယ်ဖို့  အတွက် ဆောက်ထားတဲ့ အကာအကွယ် တံတိုင်းတွေကို ဘာမှအတားအဆီး မရှိ သလို အလွယ်တကူ ဖြတ်ကျော်ခဲ့တယ် ။


အခုအချိန်မှာ ငလျှင်တွေ ငြိမ်ပြီး ဆူနာမီလှိုင်းတွေ မရှိတော့ ပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ၊ အခြေခံ လိုအပ်တဲ့ ပစ္စည်း မလုံလောက်မှုတွေ ၊ စားစရာ နည်းပါးမှုတွေ ၊ ရေ ပြတ်လပ်မှုတွေ နဲ့  ရင်ဆိုင်နေရတယ် ။ ဆေးရုံတွေမှာ လူနာ အရေအတွက်ဟာ ပုံမှန်ထက် အများကြီး များနေပေမဲ့  ဆေးတွေ နဲ့  အခြေခံ လိုအပ်တဲ့ ပစ္စည်းတွေ မကြာခင်မှာ ပြတ်လပ်တော့မဲ့ အခြေအနေတွေ နဲ့  ကြုံနေရတယ် ။




မနေ့ က သတင်းမှာ တွေ့ လိုက်တဲ့ လေးစား အတုယူ စရာ ကောင်းတာက ကျောင်းတွေ ၊ မိုးလုံလေလုံ အားကစားကွင်း တွေမှာ ဖွင့်ထားတဲ့ ထောင်နဲ့ ချီတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အခင်းတစ်ခု ၊ စောင်တစ်ထည် စီနဲ့  လူတွေ ဘေးချင်း ယှဉ်ပြီး ဖြစ်သလို အိပ်နေကြ ရပေမဲ့ ကယ်ဆယ်ရေး စခန်းတွေဟာ သန့် ရှင်းနေပါတယ် ။ လူတိုင်း ကိုယ့်အမှိုက် ကိုယ်သိမ်းပြီး တတ်နိုင်တဲ့ ဖက်က တစ်ဦးကို တစ်ဦး ကူညီကြတယ် ။ စားစရာတွေ ရောက်လာချိန်မှာ လူ ၂ ယောက် ခွဲစားဖို့  လက်တစ်စုပ်စာ ထမင်းထုပ် အတွက် အကြာကြီး တန်းစီပြီး ယူရပေမဲ့ ဘယ်သူမှ ဘာမှ မပြောကြဘူး ။ နိုင်ငံတကာက ကယ်ဆယ်ရေး အကူအညီတွေ ရောက်လာပေမဲ့လဲ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ နေရာဆီကို ရောက်အောင်ပို့  ပေးနိုင်ဖို့  ခက်ခဲနေတုန်းပါ ။






လက်ရှိအကြီးဆုံး ရင်ဆိုင်နေရတာ ကတော့ နျူကလီးယား ဓာတ်ရောင်ခြည် အန္တရာယ်ပါ ။ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပျက်ဆီးသွားတဲ့ နျူကလီးယား လောင်စာ ချောင်းတွေအတွက် အအေးခံတဲ့ စနစ်တွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ဖို့  အတွက် နျူကလီးယား ပညာရှင်တွေ ၊ မီးသတ်တွေ နဲ့  ရဲတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့ ဟာ နေ့ ညမပြတ် ကြိုးစားနေ ကြတယ် ။ အဲဒီအဖွဲ့  ထဲမှာ မိန်းကလေး ပညာရှင် တွေလဲပါ ပါတယ် ။



အဲဒီ အဖွဲ့ ဝင် ၂၀၀ ကျော်ဟာ ဧည့်ခန်းအရွယ် သီခြား စီစဉ်ထားတဲ့ အခန်းထဲမှာ အလှည့်ကျ အိပ်ပြီး နေ့  ည မပြတ်ကြိုးစား နေကြတာပါ ။ သူတို့ တွေအတွက် အသက် အန္တရာယ်ဟာ အချိန်မရွေး ကျရောက်နိုင် တယ်ဆိုတာကို အားလုံး သိထားကြတယ် ။ အသက် အန္တရာယ် မရှိခဲ့ ရင်တောင် နာတာရှည် ဝေဒနာတွေ ခံစားရဖို့  ရာခိုင်နှုန်း တော်တော်များများ ရှိတယ်ဆိုတာကို အားလုံး နားလည်ထား ကြတယ် ။
ဂျပန် ပြည်သူအများ စု အတွက် ဘေး အန္တရာယ်နဲ့  နိုင်ငံရဲ့  စီပွားရေး အခြေအနေတွေဟာ သူတို့ ရဲ့  အပေါ်မှာ မူတည်နေ တယ်ဆိုတာကို သူတို့ နားလည်ထား ကြတယ် ။ အပြင်မှာ ရှိနေတဲ့ မိသားစုတွေကို ပြန်ဆုံဖို့  အခွင့်အရေး ရှိချင်မှ ရှိမယ်လို့  အကြောင်းကြားပြီး တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ။ အဲဒီအဖွဲ့ ထဲမှာ အခုအချိန်ထိ မိသားစုတွေနဲ့  အဆက်အသွယ် မရသေးတဲ့ သူတွေတောင် ရှိတယ် ။



ဒီနေ့  မီးသတ် တပ်ဖွဲ့ က အရာရှိ ၃ ယောက်နဲ့  သတင်းစာ ရှင်းလင်းပွဲ လုပ်တာကို ကြည့် လိုက်ရတယ် ။ အရာရှိ တစ်ယောက်က သူ့ ရဲ့  မီးသတ် အဖွဲ့ ဝင်တွေဟာ မိသားစုတွေနဲ့  ခွဲပြီး အတတ်နိုင်ဆုံး တာဝန် ကျေပွန်အောင် ထမ်းဆောင် နေကြပါတယ်တဲ့ ၊ ကျန်ခဲ့တဲ့ မိသားစုတွေ အားလုံး အတွက် သူ စိတ်မကောင်းပါဘူး မိသားစုတွေ အားလုံးကို သူ တောင်းပန် ပါတယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။ အခြား တစ်ယောက်ကတော့ နျူကလီးယား ဆိုက်ထဲကို သူသွားတော့မယ်လို့  သူ့  မိန်းမ ဆီကို text message ပို့ လိုက်တယ် ၊ သူ့ မိန်းမက ဂျပန်နိုင်ငံကို အခက်အခဲတွေ ကြားက ကယ်တင်တဲ့ သူဖြစ်အောင် လုပ်ပါ ဆိုပြီး text message ပြန်ပို့ တယ်လို့  မျက်ရည်ဝဲပြီး ပြောခဲ့တယ် ။
ငလျှင်ဒဏ်နဲ့  ဆူနာမီ ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ Fukushima နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဖြစ်နေတဲ့ ရေဒီယို သတ္တိ ယိုစိပ်မှုကို ထိန်းနိုင်ဖို့  နေ့ ညမပြတ် တာဝန်ထမ်းနေကြတဲ့ အဲဒီအဖွဲ့ ဝင်တွေဟာ ကြုံတွေ့ ရမဲ့အန္တရာယ် တွေကို သိပေမဲ့ နိုင်ငံအတွက် မိမိ အသက် နဲ့  မိသားစု တွေကို စွန့် ပြီး တာဝန်ထမ်းဆောင် နေကြတဲ့ သူရဲကောင်းတွေပါ ။ သူတို့ တွေဟာ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတာ မဟုတ်ကြပေမဲ့ နိုင်ငံအတွက် ရှေ့ တန်းရောက် အသေခံ သူရဲကောင်း တပ်သားတွေပါ ။ သူတို့ ရဲ့  ကြိုးစားမှုတွေ အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေနဲ့  ပျော်ပျော် ရွှင်ရွှင် အမြန်ဆုံး ပြန်ဆုံစည်းနိုင် ကြပါစေ ။ ။
ဓာတ်ပုံတွေကို www.japanearthquakepictures.com ကနေ ယူထားတာပါ ။
လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေ မဟုတ်ပေမဲ့  နိုင်ငံအတွက် ရှေ့ တန်းရောက် အသေခံ သူရဲကောင်းတပ်သားတွေ ဆိုတာကို သဘောတူတယ်။
ReplyDeleteမြန်မာပြည်နာဂစ်တုန်းကလဲ အခက်အခဲတွေအများကြီးကြားက နေ ရွာတွေ အရောက် အစားတွေမျှဝေ ပို့ ၊ အလောင်းတွေမြေမြှုပ်တဲ့  သူရဲကောင်းတပ်သားတွေ အများကြီး ရှိခဲ့တယ်နော်။
ဂျပန်ပြည်အတွက်စိတ်မကောင်းဖြစ်မိပါတယ်။