


V sign ကို victory ၊ freedom ၊ peace စတဲ့ အဓိပ္ပာယ်တွေ အတွက် အသုံးပြုတဲ့ အခါမှာ လက်ဖဝါးကို အပြင်ဖက်မှာ ထားပြီးပြ ကြတယ် ။ လက်ဖဝါး အပြင်ဖက်မှာ ထားတဲ့ V sign ကို ဒုတိယ ကမ္ဘာစစ် ကာလက စပြီး အသုံးပြုခဲ့ကြတာ ဖြစ်တယ် ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ မဟာမိတ် နိုင်ငံတော်တော် များများရဲ့  ခေါင်းဆောင်တွေဟာ မိန့်  ခွန်းပြောတဲ့ အခါတွေ ၊ သတင်းဌာန နဲ့  interview လုပ်တဲ့ အခါတွေမှာ V for victory ဆိုတဲ့ အဓိပ္ပာယ် နဲ့  လက်နှစ်ချောင်းကို V ပုံစံ လုပ်ပြီး V sign လုပ်ပြတတ် ကြတယ် ။

Vietnam စစ်ပွဲ ကာလကစပြီး စစ်ပွဲ တွေကို မလိုလားတဲ့ သူတွေ ၊ ငြိမ်းချမ်းရေး အတွက် ဆန္ဒပြ လှုပ်ရှားသူတွေဟာ စစ်ပွဲတွေကို ဆန့် ကျင်တဲ့အနေနဲ့  အရင်က victory ဆိုတဲ့ အဓိပ္ပာယ် အတွက် သုံးခဲ့ကြတဲ့ လက်ဖဝါး အပြင်ဖက်မှာ ထားတဲ့ V sign ကိုပဲ peace/freedom စတဲ့ အဓိပ္ပာယ်တွေ အနေနဲ့  သုံးခဲ့ကြတယ် ။
အမေရိကန် နိုင်ငံ နဲ့  ကနေဒါ နိုင်ငံ တွေမှာ V sign လုပ်ပြတဲ့ အခါ လက်ဖဝါးကို အပြင်ဖက် မှာပဲ ထားထား ၊ အတွင်းဖက် မှာပဲ ထားထား victory သို့ မဟုတ် peace လို့ ပဲ အဓိပ္ပာယ် ရပေမဲ့ ၊ UK, Ireland, Australian, New Zealand, South African စတဲ့ နိုင်ငံတွေမှာတော့ လက်ဖဝါးကို အတွင်းဖက်ထားပြီး ပြတဲ့ V sign ဟာ ရိုင်းတဲ့ sign တစ်ခုဖြစ်တယ် ။
လက်ဖဝါးကို အတွင်းဖက်မှာထားတဲ့ V sign ဟာ ၁၄၁၅ ခုနှစ် အင်္ဂလန်နိုင်ငံ နဲ့  ပြင်သစ်နိုင်ငံ ကြား နာမည်ကျော် တိုက်ပွဲတစ်ခု ဖြစ်တဲ့ Battle of Agincourt က စခဲ့တာ ဖြစ်တယ် ။ အဲဒီ တိုက်ပွဲကာလမှာ ပြင်သစ်တွေဟာ ဒီတိုက်ပွဲကို နိုင်ပြီးခဲ့လျှင် အင်္ဂလိပ် မြှားပစ်သမားတွေ နောက်တစ်ခါ ထပ်ပြီးမြှား မပစ်နိုင်အောင် မြှားသမား အားလုံးရဲ့  လက်ခလယ်နဲ့  လက်ညှိုးကို ဖြတ်ပစ်မယ်လို့  ကြွေးကြော်ခဲ့တယ် ။ ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ အင်္ဂလိပ်တွေ စစ်နိုင်ခဲ့တယ် ။ အင်္ဂလိပ် စစ်သားတွေဟာ လက်နှစ်ချောင်း ထောင်ပြပြီး ငါတို့  မှာ မြှားပစ်တဲ့ လက်ချောင်းတွေ ရှိသေးတယ်လို့ ပြင်သစ်တွေကို လှောင်ခဲ့ကြတယ် ။ အဲဒီ ရာဇဝင်ကြောင့် နိုင်ငံတော်တော် များများမှာ လက်ဖဝါးကို အတွင်းဖက်မှာထားတဲ့ V sign ကို အခြားသူကို စော်ကားတဲ့ sign ၊ ဆဲဆိုတဲ့ sign အနေနဲ့  ရိုင်းတဲ့ sign တစ်ခု အဖြစ် သတ်မှတ် ထားကြတယ် ။ ။
No comments:
Post a Comment